
"ကျောက်ဖြစ်သွားသောနှလုံးသား" လူချမ်းသာတယောက်ရဲ့ မယားငယ်ကနေမွေးလာခဲ့တဲ့ သော်ဟာ သူ့အမေသေဆုံးပြီးနောက် မယားကြီးနဲ့သူ့သား အနိုင်ကျင့်တာခံပြီး အဖေဘက်ကမိသားစုနဲ့ နေခဲ့ရတယ်။ သော်ရဲ့တဦးတည်းသောသူငယ်ချင်းက သူ့လိုပဲ အမေနဲ့အမအနိုင်ကျင့်တာ အမြဲခံနေရတဲ့ မင်တာဆိုတဲ့ကောင်မလေး... တစ်ညမှာ သော့်ကို မယားကြီးနောက်ကလိုက်ဖမ်းလို့ပြေးရင်း မြစ်ထဲပြုတ်ကျသွားရင်း သေပြီလို့အားလုံးကမှတ်ခဲ့တယ်။ တကယ်က မသေပဲ သူ့အမေကိုသိတဲ့ မိန်းမတယောက်ဖြစ်တဲ့ မမ်ဆီမှာ စီလာဆိုတဲ့နာမည်နဲ့ကြီးပြင်းလာခဲ့တယ် ။ နှစ်တွေကြာပြီးတဲ့နောက် စီလာဟာ လူချမ်းသာတယောက်အနေနဲ့ အတိတ်ကသူ့ကို နှိပ်စက်ခဲ့သူတွေကို လက်စားချေဖို့ပြန်လာခဲ့တယ်။ မထင်မှတ်ထားပဲ တဦးတည်းသောငယ်သူငယ်ချင်း မင်တာနဲ့ ပြန်တွေ့တဲ့အခါ ဘာတွေဖြစ်လာမလဲ... မွေးစားအမေ မမ်ပြောတဲ့အတိုင်း လက်စားချေတာကိုစွန့်လွှတ်ပြီး အေးအေးချမ်းချမ်းနေမယ့် လမ်းကိုရွေးသွားမလား... သူချစ်ရတဲ့ မင်တာကို စွန့်လွှတ်ရပါစေ အတိတ်ကနာကျင်စေခဲ့တဲ့ လူတွေကိုခွင့်မလွှတ်ပဲ လက်စားချေမလား... (ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Kyi Nue Zin ဖြစ်ပါတယ်) သော်/စီလာ အဖြစ် - Thanapob Leeluttanakajorn မင်တာအဖြစ် - Fern Nopjira Lerkkajornnamkul မွေးစားအမေ အမ် အဖြစ် - Wattanajinda Sirapan မယားကြီး စီဒါအဖြစ် - Ann Siriam Pakdeedumrongrit အမေမတူတဲ့အကို အယ် အဖြစ် - Typhoon Kanokchat Munyadon Translated by Kyi Nue Zin , Nang Mwe Kham Encoded by Naing Aung Latt
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
March 4, 2019
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.0 / 10
Director
Thanawat Panyarin