
ကိုရီးယားရဲ့နာမည်ကျော် ဝမ် ၂ ထရီလီယံ ကွာရှင်းမှုအကြောင်းကို အခြေတည်ထားတဲ့ ဒရာမာကားကောင်းကောင်းလေး လာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ..... Lee Ra El ဆိုတဲ့အမျိုးသမီး လက်စားချေလိုစိတ် ပြင်းထန်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဘာလို့ လက်စားချေလိုစိတ် ကြီးရတာလဲဆိုတော့ ငယ်ငယ်တုန်းက အာဏာကြီးသူတွေရဲ့လက်ထဲ မတရားမှုနဲ့ သေဆုံးသွားခဲ့ရတဲ့ သူမရဲ့အဖေကြောင့်ပဲဖြစ်ပါတယ်။ Lee Ra El ရဲ့အဖေ သေဆုံးသွားပြီးနောက်မှာတော့ သူတို့မိသားစုလေးဟာ ပျက်စီးသွားခဲ့ရပါတယ်။ တစ်ချိန်မှာတော့ သူမ လက်စားချေဖို့ အကြောင်းဖန်လာပါတော့တယ်။ လက်စားချေဖို့အတွက် သူမရဲ့ပစ်မှတ်ကတော့ LY Group ကို ဦးဆောင်နေတဲ့ Kang Yoon Gyeomပဲဖြစ်ပါတယ်။ Ra El က Seo Eun Pyung ရဲ့အကူအညီနဲ့ အစီအစဉ်ကိုအကောင်ထည်ဖော်ခဲ့ပါတယ်။ Seo Eun Pyung ကတော့ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့တဲ့သူဖြစ်ပြီး အမျိုးသားလွှတ်တော်ရဲ့ အသက်အငယ်ဆုံး အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အသက်ကတော့ Lee Ra El ဟာ Kang Yoon Gyeom နဲ့ကွာရှင်းဖို့အတွက် ဝမ်၂ထရီလီယံ တောင်းဆိုရာကနေ စပါတော့တယ်။ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ ဇာတ်လမ်းတွဲထဲမှာ ဆက်လက်စီးမျောရမှာပါ။ Seo Ye Ji, Park Byung Eun, Lee Sang Yeob စတဲ့နာမည်ကြီးတွေပါဝင်ထားတဲ့ဇာတ်လမ်းကောင်းဖြစ်ပြီး အိမ်ထောင်ရေး ဒရာမာကားကောင်းတစ်ကားကို ရင်တမမနဲ့ကြည့်ရမယ့်ကားပဲဖြစ်ပါတယ် စုစုပေါင်း ၁၆ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့ အပတ်စဉ် ကြာသပတေး နဲ့ သောကြာ မနက်တိုင်းမှာ ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ အညွှန်းကိုတော့ Thaw Tar က ရေးထားပေးပြီးတော့ ဘာသာပြန်တွေကတော့ Thaw Tar, Lai Laii, Milkeux, Jimx, Joyz တို့ပဲ ဖြစ်ကြပါတယ်။ Genre.....Drama Episodes.....16 Episodes Aired....Jun 1, 2022 - Jul 21, 2022 Aired on ..... Wednesday, Thursday Duration….1h 10min Quality….1080p | 720p File size…1GB | 500MB Format…mp4 Subtitle….Myanmar Subtitle (Hardsub) Translator .....Thaw Tar, Lai Laii, Milkeux, Jimx, Joyz Encoder .....August
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
June 1, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.4 / 10
Director
Park Bong-seob