
November လ ရဲ့ အေးချမ်းတဲ့ အချိန်မှာပဲ ငယ်ချစ်ဦး နဲ့ ပြန်ဆုံရတယ် တော်တော်များများ စောင့်မျှော်နေကြတဲ့ Chocolate ကို Netflix ကနေ ဒီနေ့ အပိုင်း (၁) စတင် ထုတ်လွှင့်လိုက်ပါပြီ ပျောက်နေတာ ကြာပြီ ဖြစ်တဲ့ မင်းသမီး ဟာဂျီဝမ် တစ်ယောက် ခေါင်းဆောင်မင်းသမီး နေရာကနေ ပါဝင်လာတာကို မြန်မာပြည်က ဖန် တစ်ချို့ကတော့ သေချာပေါက် စောင့်မျှော်နေကြတာပါပဲ စောင့်မျှော်ရတာ တန်တယ်ပြောရမယ် အပိုင်း (၁) မှာတင် ရင်ခုန်စရာ စိတ်လှုပ်ရှားစရာတွေ အပြည့်နဲ့ပါပဲ.... ဇတ်လမ်းလေး အစမှာတော့ မိခင်ဖြစ်သူ နဲ့ အတူ ပင်လယ်နဲ့ နီးတဲ့ မြို့ငယ်လေးမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ အချက်အပြုတ်ဝါသနာပါတဲ့ ကန် ဆိုတဲ့ ကောင်လေး တစ်ယောက် အဲ့ဒီ မြို့ကို အလည်ရောက်လာပြီး ကန် နဲ့ တစ်ရက်ပဲ ဆုံခဲ့ပေမဲ့ သံယောဇဉ် တွယ်သွားတဲ့ မြို့က ကောင်မလေး.... အခြေအနေ အကြောင်းတစ်ခု ကြောင့် သူတို့ ပြန်မဆုံ ခဲ့ပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကတော့ မေ့မသွားခဲ့ဘူး နှစ်တွေအများကြီး ကြာပြီး အမှတ်မထင် ပြန်တွေ့ခဲ့ကြတဲ့ အခါမှာတော့.... ဒီဇတ်လမ်းတွဲကို အပတ်စဉ် သောကြာ နှင့် စနေနေ့တွေမှာ ပြသမှာဖြစ်ပြီး CM မှာတော့ စနေနေ့ မနက် နှင့် တနင်္ဂနွေနေ့ မနက်စောစောတွေမှာ အစောဆုံးကြည့်ရအောင် ဘာသာပြန် တင်ဆက်ပေးသွားပါမယ် ဘာသာပြန်ပေးထားတာကတော့ Hein Thet Naing နှင့် ThinZar Htet , Htet Wai Lwin တို့ ဖြစ်ပြီး XCode မှ Review ရေးကာ Encode ၍ တင်ဆက်ပေးထားပါတယ်
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
November 29, 2019
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.4 / 10
Director
Lee Hyung-min