
A+ (2023) IMDb 8.2 ငယ်စဉ်ကစ ကျောင်းမှာ စာနဲ့ပဲနပန်းလုံးခဲ့ကြရပြီး အလယ်တန်းအထက်တန်းအထိ အဆင့်ကောင်းအောင် တက္ကသိုလ်ကောင်းကောင်းရောက်အောင် ကြိုးစားနေကြရတဲ့ ကျောင်းသား/သူတွေမှာ ဖိအားတွေက သူမသာ ကိုယ်မသာရှိကြစမြဲပါပဲ .. ပန်းတိုင်ရောက်သွားတဲ့လူတွေရှိသလို လမ်းတစ်ဝက်မှာတင် လက်လျှော့လိုက်ရတဲ့ လူတွေကိုလည်းမမေ့ကြဖို့ ဒီစီးရီးလေးကို ရိုက်ကူးခဲ့တာပါ ဘင်နာအင်ဒိုနီးရှားကျောင်းက စာမေးပွဲတိုင်း ပထမအဆင့်ချည်းရလို့ တီဗီထဲတောင် အမြဲလိုလိုပါနေတဲ့ကျောင်းတစ်ကျောင်း..ဒီကျောင်းရဲ့ထူးခြားချက်က 1 to 3ကျောင်းသားတွေဆို ကျူရှင်ခမပေးရဘူး အလကားပေါ့ ဒါပေမဲ့ အဆင့်များရင် များသလောက် သိန်းကို ရာနဲ့ချီပြီးတိုးတိုးသွားတာပါ ဒီတော့ မိဘကိုသနားတဲ့လူတွေက 1 to 3ဝင်ဖို့ အသေအလဲ ကြိုးစားကြ နေရာလုကြနဲ့ပေါ့ ဒီကျောင်းကိုမှ ကာလီဆိုဒီရ်ဂန်တာရီတဲ့ ကျောင်းသူလေးတစ်ယောက် ပြောင်းလာခဲ့တယ် ပြောင်းလာလာချင်း စာမေးပွဲနဲ့တိုးပေမဲ့ အဆင့်တစ်ရသွားခဲ့တော့ မနာလိုသူတွေ အမုန်းထားသူတွေများလာခဲ့ပါတယ် သူမရောက်ခင်က F4 လိုမျိုး Big Four ဆိုတဲ့လူလေးယောက်ရှိပါသတဲ့ ကျောင်းရဲ့မသိသူမရှိ ဒီဒိတ်ဒိတ်ကြဲတွေနဲ့ ရှေ့လျှောက် သူဘယ်လိုစခန်းသွားမလဲ ဒီလိုဖိအားတွေကြားထဲက ရိုမန့်လေးတွေကိုလည်း ကြည့်ရှုခံစားပေးကြပါဦးရှင် ( အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်သူတွေကတော့ Yunni,BpL,Aditi,Cherry,YH & Moon ပဲဖြစ်ပါတယ် ) Quality : 1080p WEB DL AAC5.1CH / 720p Total Episodes : 6Eps Format : mp4 Genres :Drama, Duration : 38mins Subtitle : Myanmar Subtitle ( Hardsub ) Translated by Yunni~ BpL~ Aditi~ Cherry~ YH ~ Moon Encoded by YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
May 25, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
9.6 / 10
Director
Fajar Bustomi