
Modern Love Chennai IMDb-7.4/10 National Film award ဆုရဒါရိုက်တာကြီးတွေအပါအဝင် ဒါရိုက်တာကြီး ၈ ယောက် စုပေါင်းလက်စွမ်းပြ ရိုက်ကူးထားတဲ့ anthology စီးရီးလေးဖြစ်ပါတယ် ဇာတ်လမ်းမတူ cast တွေမတူပဲ တစ်ပိုင်းကို ရသတစ်မျိုးစီခံစားရင်း သံစဉ်ချိုချိုတေးသွားလေးတွေပါ ခံစားနိုင်မှာဖြစ်ပါတယ် အိန္ဒိယနိုင်ငံက ချန်နိုင်းမြို့ကြီးမှာလူစုံဓာတ်စုံသလို အချစ်ဇာတ်လမ်းတွေကလည်း အစုံပါပဲ အချစ်ကရိုးရှင်းတယ် ဒါပေမဲ့ဆန်းကြယ်တယ် လောကီလူသားတွေအတွက် အကြီးဆုံးစိတ်စွမ်းအားကိုပြောပါဆိုရင် အချစ်ပဲဖြစ်မယ်ထင်ပါတယ် အချစ်နဲ့သာဆိုရင် အပူနဲ့အအေးလို ဆန့်ကျင်ဘက်အရာတွေကိုတောင် ပြောင်းလဲနိုင်ပြီး အချစ်ကြောင့် ဘဝကြီးပါပြောင်းလဲသွားတတ်တယ် အချစ်ကို အခြေခံပြီး နေ့စဉ်ဘဝတွေ လူတွေရဲ့အကြောင်းတွေ လောကဓံအကြောင်းတွေကို အောက်က ခေါင်းစဉ်လေးခြောက်ခုမှာ ကြည့်ရှုခံစားနိုင်မှာပါ..... အချစ်ရဲ့တစ်စိတ်တစ်ပိုင်း မှန်ကူကွက်လေးတွေပေါ့ ၁ လားလ်ဂွန်ဒါရဲ့မိန်းမပျိုများ ၂ မျက်ဝန်းလေးတွေ ၃ ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းတစ်စုံ ၄ ဒီဇင်ဘာ ၅ ငှက်သိုက်ထဲက ဆိတ်သမင်လေး ၆ မှတ်ဉာဏ်ဆိုတာ ငှက်တစ်ကောင်လို့ ဆိုတဲ့ အပိုင်း ၆ ပိုင်းနဲ့ အချစ်အတွက်ပြောင်းလဲကြသူတွေ အချစ်နဲ့ပြောင်းလဲကြသူတွေအကြောင်း ရှုစားကြရမှာဖြစ်ပါတယ် အချစ်ကြောင့် ကြေကွဲနေတဲ့သူတွေ ပျော်ရွှင်ကြည်နူးနေတဲ့သူတွေ အချစ်ကိုကိုးကွယ်တဲ့သူတွေ အချစ်ကို မျက်နှာလွှဲသူတွေ ဘယ်သူတွေပဲဖြစ်ဖြစ် အချစ်နဲ့မကင်းနိုင်တဲ့ပရိသတ်ကြီးတို့ ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Saii ~ Moon ~ chiclon3 ~ Yunni ~ Thaik San တို့ပဲဖြစ်ပါတယ်) File Size – 1GB / 500MB Quality – 1080p AMZ WEB DL / 720p Duration – minute (@Episode) Total Episodes: 6Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy , Drama Translator – BpL ~ Saii ~ Moon ~ chiclon3 ~ Yunni ~ Thaik San Encoder – YK