
Mission Fan Possible / Idol စစ်ဆင်ရေး (2023) ===================== လောကမှာ မဖြစ်နိုင်တဲ့မစ်ရှင်ဆိုတာ မရှိပါဘူး .. အထူးသဖြင့် အိုင်ဒေါတွေကို အရူးအမူးစွဲလမ်းကြတဲ့ ဆယ်ကျော်သက်ပရိသတ်လေးတွေအကြံထုတ်တဲ့ မစ်ရှင်ဆိုရင်ပေါ့ ..။ ဇာတ်လမ်းလေးကတော့ အောင်မြင်မှု အတော်အတန်ရနေတဲ့ Secret Dream ဆိုတဲ့အဖွဲ့က အားလုံးရဲ့ရှေ့မှောက်ကို ၅ နှစ်ပြည့်နှစ်ပတ်လည်ပွဲရယ် concert ရယ်နဲ့ ပြန်ရောက်လာတဲ့အချိန်ပဲဖြစ်ပါတယ်။ ကိုယ်အားပေးတဲ့အိုင်ဒေါအဖွဲ့ချင်းတူနေတဲ့အခါ fandom ထဲကသူတွေအချင်းချင်းရင်းနှီးတာကတော့ အဆန်းမဟုတ်ဘူးပေါ့။ ဒီအတိုင်းပဲ Patty ဆိုတဲ့ကောင်မလေးမှာလည်း သူချစ်တဲ့ အဆိုတော် Nanai ကို သူ့လိုပဲချစ်ကြ အားပေးကြတဲ့ အကြိုက်တူ အွန်လိုင်းသူငယ်ချင်း Lullabies (fandom name) လေးတွေရှိပါတယ်။ ဒီလိုနဲ့ concert ကျင်းပမယ့်နေ့ကို ကြေညာလိုက်တော့ Patty တို့ အွန်လိုင်းသူငယ်ချင်းတွေ concert မှာ ပျော်ပျော်ကြီးဆုံကြဖို့ တိုင်ပင်ကြရင်း မထင်မှတ်တဲ့အကြောင်းအရင်းလေး ပေါ်လာပါတော့တယ်။ သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ Ninja က ကင်ဆာနောက်ဆုံးအဆင့်နဲ့ဆေးရုံတက်နေရသူဖြစ်ပြီး concert ကျင်းပမယ့်အချိန်အထိ အသက်ရှင်ဖို့မသေချာဘူးမို့ သူသိပ်တွေ့ချင်တဲ့ Nanai ရဲ့ concert ကို မသွားနိုင်တော့ပါဘူး။ ဒါကိုသိသွားတဲ့သူငယ်ချင်းတွေက Ninja ကို သနားသွားကြပြီး Nanai နဲ့ Ninja ဆုံရအောင် မစ်ရှင်တွေအမျိုးမျိုးစီစဥ်ရာကနေ နောက်ဆုံးတော့ အိုင်ဒေါဖြစ်တဲ့ Nanai ကို ပြန်ပေးဆွဲဖို့ဖြစ်လာပါတော့တယ်။ အပတ်စဥ် သောကြာ, စနေတိုင်းတင်ဆက်ပေးသွားမှာမို့ Patty တို့သူငယ်ချင်းအုပ်စု သူတို့သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာကို စောင့်မျှော်ကြည့်လိုက်ရအောင်နော်။ အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာြတော့ Lai Laii နဲ့ Mary Christ တို့ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p File size… 600MB | 300MB Format… mp4 Duration…. 34min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii, Mary Christ Encoder ..... Aaron
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
May 5, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director
Pass Patthanakumjon