
Marvel Superhero စီးရီးတစ်ခု တင်ပေးလိုက်ပါတယ်။ Iron Fist ဟာ Marvel Universe ရဲ့ အတော်ဆုံး သိုင်းပညာရှင်တွေထဲက တစ်ယောက်ပါ။ ဒီစီးရီးဟာ တီဗီစီးရီး ပရိတ်သတ်တွေအတွက်တော့ ကောင်းမွန်တာမို့ Ration 7.3 အထိ ပေးထားကြပေမယ့် Comic ဖန်တွေကတော့ အားရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီစီးရီးဟာ Iron Fist ဖြစ်လာတဲ့ ဒန်နီရန်းဟာ သူ့ရဲ လေ့ကျင့်မှုကို မပြည့်စုံသေးခင် စွမ်းအားအပြည့်မသုံးနိုင်သေးခင် စွန့်စားခန်းတွေ စတင်တဲ့ ဇာတ်လမ်းဖြစ်နေလို့ပါ။ Comic မှ Iron Fist ဟာ SHIELD အဖွဲ့ရဲ့ တိုက်ယာဉ်ကို လက်သီးတစ်ချက်တည်းနဲ့ ထိုးချနိုင်ပြီး၊ Spider man,Wolverine,Captain America နဲ့ Colossus တို့ကို တပြိုင်တည်း ယှဉ်တိုက်နိုင်စွမ်းရှိပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းစုကြီး ရမ်အင်တာပရိုက်ရဲ့ ပိုင်ရှင် လင်မယားနဲ့ သူတို့ရဲ့ သားငယ်လေး ဒန်နီရန်းဟာ လေယာဉ်ပျက်ကျပြီးပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒန်နီကို ခွန်းလွန်ဆိုတဲ့ လျို့ဝှက်ကျောင်းတော်ကြီးက ဘုန်းတော်ကြီးတွေက ကယ်တင်သွားပြီး သိုင်းပညာမျိုးစုံသင်ကြားပေးခဲ့ပါတယ်။ အဲဒီအဖြစ်တွေ ဖြစ်ပြီး ၁၅ နှစ်အကြာမှာ ဒန်နီရန်းဆိုတဲ့သူဟာ နယူးယောက်မှာ ခြေဗလာနဲ့ ပြန်ပေါ်လာပြီး ကုမ္မဏီကို ပြန်လာခဲ့ပါတယ်။ သူ့အဖေရဲ့ကုမ္မဏီကိုတော့ သူ့ငယ်သူငယ်ချင်းမောင်နှမ ၂ ယောက်ကို အုပ်ချုပ်နေပြီး သူ့ကို ဒန်နီ ဆိုတာ ဘယ်သူမှ မယုံကြတော့ပါဘူး။ Iron Fist ဟာ သူရဲ့မူလဘဝကို ပြန်ရဖို့ ကြိုးစားရင်း သူ့အဖေ ထားခဲ့တဲ့ ကုမ္မဏီဟာ လျို့ဝှက်ဒုစရိုက်ဂိုဏ်း Hand ရဲ့ ထိန်းချုပ်မှုအောက်ရောက်နေတာကို သိသွားတဲ့အခါ၊ တပြိုင်တည်းမှာ Hand အဖွဲမှ မဒမ်ဂေါင် (Daredevil Series တွင် ပါဝင်ခဲ့ပြီးဖြစ်) ဟာလည်း ဒန်နီဟာ Hand ရဲ့ သမိုင်းပေးရန်သူ Iron Fist ဆိုတာသိသွားချိန်မှာတော့.....။ Netflix ဟာ Marvel Defenders စီးရီး ( Daredevil, Jessica Jones, Luke Cage,Iron Fist) ကို မထုတ်ခင်မှာ ဟီးရိုး ၄ ယောက်လုံးကို မိတ်ဆက်ပေးခဲ့ပြီး Punisher နဲ့ Elektra တို့ကို ပွဲထုတ်ပြီးသွားခဲ့ပြီ။ ထွက်ပြီးခဲ့တဲ့ စီးရီးတွေကို ကွှန်တော့် အကြိုက်အတိုင်း စဉ်ရမယ်ဆိုရင်တော့ DD က အကောင်းဆုံးဖြစ်ပြီး၊ Luke Cage နဲ့ Iron Fist နောက်မှာမှ Jessica Jones လုပ်ပါလိမ့်မယ်။ ဒါပေမယ့် တီဗီစီးရီးမင်းသမီးတွေ အားလုံးထဲမှာတော့ ယခု IronFist စီးရီးမင်းသမီး Jessica Henwick ကို အကြိုက်ဆုံးပါပဲ။ အဲဒီတော့ စူပါဟီးရိုးဖန်များ Iron Fist စီးရီးကို ကြည့်ရင်း Marvel Defenders တွေကို စောင့်မျှော်ကြပါစို့။ File size…(749MB) / (346MB) Quality….Webrip 720 Format…mp4 Duration….50 Min Genre...Crime / Action / Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
September 7, 2018
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.5 / 10
Director