
Dan hwal (Lee Jin-Wook)ကအမြဲတမ်းထာဝရရှင်သန်နေတဲ့ လွန်ခဲ့သောနှစ်ပေါင်း 600 က လူသားတစ်ဦးဖြစ်ပါတယ် ရှေးခေတ်မှာ တပ်မှူးတစ်ယောက်အဖြစ် တာဝန်ကို ထမ်းဆောင်နေပြီး နှစ်ပေါင်း 600 လုံးလုံး မသေနိုင်ခဲ့ပါဘူး Min Sang Woon(Kwon Na-Ra) ကလည်းမသေနိုင်တဲ့လူဖြစ်ခဲ့ပေမယ့် အခုတော့ သူမက လူသားအဖြစ်ကို ပြန်လည်ဝင်စားပြီးတော့ လူသားအဖြစ် နေထိုင်နေပါတယ် သူမရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုကို ဖြတ်သန်းပြီးတော့ သူမရဲ့ တကယ့်နာမည်နှင့် အထောက်အထားတွေကို ပြောင်းလဲပြီး နေထိုင်နေခဲ့ပါတယ် သူမရဲ့ကြေကွဲစရာအဖြစ်အပျက်ကို လက်စားချေဖို့ ပြင်ဆင်ရင်း လျှို့ဝှက်စွာ နေနေခဲ့ပါတယ် အတိတ်မှာ Dan Sol က Dan Hwal ရဲ့ ဇနီးဖြစ်ခဲ့ပြီး သူမမှာ ထူးခြားမှုတစ်ခုရှိနေပါတယ် Ok Eul Tae ကလည်း Dan Hwal လိုမျိုး မသေနိုင်တဲ့လူသားပါ ဒါပေမယ့် သူကတော့ သေရမှာကိုမကြိုက်တဲ့သူ၊ ဒီလိုရှင်သန်နေရတာကို ပျော်မွေ့နေတဲ့သူပါ အဲ့တော့ သူက ဗီလိန်ဖြစ်လာမှာလား... မွေးကတည်းက ကျိန်စာတိုက်ခံရပြီး သေခြင်းမှ ကင်းလွတ်ခွင့်ရကာ အသက် ၆၀၀ အတွင်း အဖြစ်အပျက်များကိုလက်စားချေဖို့ စွန့်စားသွားမယ့် ပုံစံတွေကို အံ့ဩဖွယ်ကြည့်ရှုရမှာပါ ဒီရမ်မာလေးရဲ့ နာမည်ကိုကြည့်လိုက်ကတည်းက ထာဝရရှင်သန်မယ့် ဝိညာဉ်တွေဆိုတော့ ထူးထူးဆန်းဆန်းပေါ့နော် နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေနဲ့ အမိုက်စားတွေကို ကြည့်ရမယ့် ဒီကားလေးကို Channel Myanmar မှာအပတ်စဉ် စနေတနင်္ဂနွေနေ့တိုင်း ကြည့်လို့ရနေပါပြီနော် အညွှန်းကိုတော့ Khaing Khin က ရေးထားပေးပြီးတော့ ဘာသာပြန်တွေကတော့ Khaing, Amelia, Yamin, Minnie တို့ပဲ ဖြစ်ပါတယ်။ Genre.....Drama, Sci-fi, Fantasy Quality….WEB-DL 1080p and 720p File size…600MB Format…mp4 Duration….60min Subtitle….Myanmar Subtitle (Hardsub) Translator ..... Khaing, Amelia, Yamin , Minnie Encoder ..... August
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
December 18, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.8 / 10
Director
Jang Young-woo, Ham Seung-hoon