
IMDB 6.9/10 ရရှိထားတဲ့ Crime/Drama/Thriller အမျိုးအစား British mini series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စုံထောက်ကားတွေ အရိုက်များတဲ့ UK မင်းသမီး Vicky Ann McClure (Line of Duty)နဲ့ မင်းသား Johnny Harris (Jawbone)တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း သမီးဖြစ်သူ အသတ်ခံလိုက်ရတာကြောင့် ဘဝကိုရှေ့ဆက်နိုင်ဖို့ အခက်အခဲဖြစ်နေခဲ့တဲ့ မိခင်ဖြစ်သူစတယ်လာက သူ့သမီးကို သတ်လိုက်တဲ့ ထောင်ကျနေတဲ့ လူသတ်သမားဆီကနေ သူနဲ့လာတွေ့ပေးပါဆိုတဲ့ တောင်းဆိုချက်ကို လက်ခံရခဲ့ပါတယ်။ ကားသော့ခိုးရင်း လူသတ်တယ်ဆိုတာကိုသာ သိပြီး အခင်းနေရာမှာ သမီးရဲ့ဖုန်းရော၊ လူသတ်လက်နက်ရော ရှာမတွေ့ခဲ့တာမို့ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ အမှန်အတိုင်း သိနိုင်ဖို့၊ လူသတ်သမားချားလ်စ်ဆီကို စတယ်လာက အားတင်းပြီး သွားတွေ့ခဲ့ပါတော့တယ်။ စတွေ့ကာစမှာတော့ ချားလ်စ်က စာနာနားလည်မှုတွေအကြောင်း ပြောခဲ့ပေမယ့် လူသတ်ရတဲ့အကြောင်းအရင်းကို မေးတဲ့အချိန်မှာတော့ ရုတ်တရက်ကြီး သူသတ်ခဲ့တာမဟုတ်ကြောင်း၊ သူက ချောက်ချခံခဲ့ရတာသာဖြစ်လို့ သူ့မှာအပြစ်မရှိဘူးဆိုတဲ့အကြောင်း အခိုင်အမာ ပြောဆိုလာခဲ့ပြီး စတယ်လာ့ကို ပျောက်ဆုံးနေတဲ့ကောင်မလေးတစ်ယောက်ကို ရှာကြည့်ဖို့ ပြောခဲ့ရာမှာတော့.. ချားလ်စ်က တကယ်ပဲ စတယ်လာ့သမီးလေးကို သတ်ခဲ့တဲ့လူသတ်ကောင် မဟုတ်ဘူးလား.. သူရှာခိုင်းတဲ့ ပျောက်ဆုံးနေတဲ့ကောင်မလေးကရော အသတ်ခံရတဲ့ စတယ့်လာသမီးနဲ့ ဘယ်လိုများ ပတ်သက်မှုရှိနေတာလဲ.. စတယ်လာက သူ့သမီးကိုသတ်မှုနဲ့ ထောင်ကျနေတဲ့ ချားလ်စ်ကို ယုံကြည်နိုင်ပါ့မလား.. ချားလ်စ်က ထောင်ထဲက တစ်နည်းနည်းနဲ့လွတ်အောင်များ သူ့ကို လှည့်စားနေခဲ့တာလား.. စတယ်လာတစ်ယောက် သူ့သမီးအသတ်ခံရတဲ့ အကြောင်းအရင်း အမှန်တရားကို တကယ်ရော ရှာဖွေနိုင်ပါ့မလား ဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ File size…(640 MB) /(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….00:47:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily