
Love & Death (2023) Completed Limited Series ~ IMDb - 7.8/10, Rotten Tomatoes - 60% ~ (အချို့သော အခန်းတွေက အနည်းငယ်ကြမ်းလို့ မိသားစုနဲ့အတူ ကြည့်ရှူဖို့ မသင့်တော်ပါဘူး) ကြက်သွေးရောင်စုန်းမ တဖြစ်လဲ ဝန်ဒါ ဆိုတဲ့ အဗန်ဂျာဇာတ်ကောင်အနေနဲ့ လူသိများကြတဲ့ မင်းသမီး အဲလိဇဘက်အိုဆန်ရဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီစီးရီးဟာ ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ဒရာမာပြန်ခင်း ရိုက်ထားတာပဲဖြစ်ပါတယ်။ ၁၉၈၀ တုန်းက လူတစ်ယောက်ကို ပုဆိန်နဲ့ ရက်ရက်စက်စက်သတ်လိုက်တဲ့ နာမည်ကျော်မှုခင်းအကြောင်းကို အခြေခံထားတာပါ။ ပုဆိန်နဲ့ အချက်ပေါင်း ၄၁ ချက်တိတိ ခုတ်သတ်ခဲ့လို့ ပုဆိန်လူသတ်သမ ဆိုပြီးတော့တောင် အမေရိကန်ရဲ့မှုခင်းသမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ Candy Montgomery ရဲ့အကြောင်းပေါ့။ ကန်ဒီ့မှာ ပတ်ဆိုတဲ့ ရိုးရိုးအေးအေးယောကျ်ားတစ်ယောက်ရှိပြီ ကလေးတွေနဲ့အတူ အိမ်ထောင်ရေးကို ပျင်းရိစရာ ဖြတ်သန်းနေပါတယ်။ အဲဒီမြို့လေးမှာ သူ့လိုပဲ ပျင်းရိစရာ အိမ်ထောင်ရှင်ယောကျ်ားတစ်ယောက်ရှိနေပြန်ပါရော။ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ဟာ ဖောက်ပြန်ဖို့ တိုင်ပင်ဖြစ်ကြပါတော့တယ်။ ဒါပေမဲ့ အိမ်ထောင်ရေးကိုမထိခိုက်ကြေး ခံစားချက်တွေမပါကြေး စသဖြင့် စည်းကမ်းတွေနဲ့ စတင်လာခဲ့ပါတော့တယ်... ဒါပေမဲ့ ဘာတွေဘယ်လိုဆက်ဖြစ်လာပြီး နောက်ဆုံးမှာ ခံစားချက်တွေ ဘယ်လို ဖောက်ပြန်လာကြပြီး လူသတ်ပွဲတွေဖြစ်လာမလဲဆိုတာကိုတော့ တစ်ပတ် တစ်ပိုင်း ဆက်စောင့်ကြည့်ကြရအောင်... (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Mr. Anderson ပဲဖြစ်ပါတယ်) Size ~ 650MB+ Total - 7 Episodes Quality – 1080p Duration ~ 57min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Biography, Crime, Drama Source : HMAX.Web-dl.1080p Translator – Mr. Anderson Encoder – Y