
Will Trent (2023) ============= IMDb Rating - 7.6/10 Pieces of Her ရဲ့ဖန်တီးရှင်စာရေးဆရာမ Karin Slaughter ရဲ့ အခြားသောနာမည်ကျော်စီးရီးစ်တစ်ခုဖြစ်တဲ့ Will Trent ကို ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ စုံထောက် Will Trent ဟာငယ်စဉ် ကတည်းက မိဘတွေစွန့်ပစ်ခံခဲ့ရပြီး ပြည်နယ်မိဘမဲ့ကလေးစောင့် ရှောက်မှုစနစ်အောက်မှာ ကြီးပြင်းခဲ့ရသူတစ်ဦးပါ။ အဲ့ဒီမှာတွေ့ကြုံ ခဲ့ရတဲ့ခါးသီးမှုတွေ စိတ္တဇတွေဟာလက်ရှိအချိန်ထိ သူ့အပေါ်သက် ရောက်မှုရှိနေဆဲဖြစ်ပြီး အခုချိန်မှာတော့ဂျော်ဂျီယာစုံစမ်းစစ်ဆေး ရေးဗျူရိုမှာ ထိပ်သီးစုံထောက်တစ်ဦးအဖြစ်ဘဝကို ကြိုးစားတည် ဆောက်နေပါတယ်။သူဟာ ငယ်စဉ်ကတည်းက စာသင်ရခက်၊ ဖတ် ရခက်တဲ့ ဦးနှောက်ချို့ယွင်းမှုဝေဒနာကိုခံစားခဲ့ရသူဖြစ်ပြီး စာဖတ်တဲ့ နေရာမှာ အခုချိန်ထိအခက်အခဲရှိတဲ့သူပါ။ ဒါပေမယ့်လည်း တစ်ဖက်က အားသာချက်အနေနဲ့ အခင်းဖြစ်နေရာ တစ်ခုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သူများတွေ မမြင်နိုင်မျက်စိလျှမ်း သွားနိုင်တဲ့အသေးစိတ်အချက်အလက်လေးတွေကို စူးရှစွာထိုးထွင်း မြင်နိုင်တဲ့သူဖြစ်တဲ့အတွက် ဗျူရိုမှာ မှုခင်းဖြေရှင်းနိုင်မှုအမြင့်ဆုံး စုံထောက်အဖြစ်ရပ်တည်နေပြီး လတ်တလောမှာလဲ အက်တလန် တာရဲတပ်ဖွဲ့ရဲ့ခြစားမှုကိုတာဝန်ပေးခံရချိန်မှာဖြေရှင်းပေးနိုင်ခဲ့သလို အဲ့ဒီလိုဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် အက်တလန်တာရဲတပ်ဖွဲ့ (APD) ဝင်တစ်ချို့ အဖမ်းခံခဲ့ရပြီး APD ရဲ့မျက်မုန်းကျိုးမှုကိုလဲခံနေရပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ အဲ့ဒီဖြစ်ရပ်တွေ၊ အသိုင်းအဝိုင်းတွေ၊ လူ ပုဂ္ဂိုလ်တွေကိုနောက်ခံထားပြီး စုံထောက်ကျော် Will Trent ရဲ့ဉာဏ် ကစားခန်းတွေ၊ အမှုဖြေရှင်းပုံတွေ၊ ပုဂ္ဂိုလ်ရေးအားပြိုင်မှုတွေကို ရှုစားရမှာဖြစ်ပါတယ်။ စုံထောက်ကားဆိုပေမယ့် သဘာဝကျကျ ဟာသတွေ၊ စေ့စပ်တဲ့ကောက်ချက်ဆွဲပုံတွေ၊ စိတ်ဝင်စားစရာဇာတ် လမ်းတည်ဆောက်ပုံတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြိး တစ်ပိုင်းပြီးတစ်ပိုင်း မပျင်းစေရပဲ ကြည့်ချင်စိတ်ကို ဆွဲဆောင်သွားနိုင်မယ့်ဇာတ်ကား ဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်။) File Size.............(400 MB) / (800 MB) Quality...............WEB-DL 720p / 1080p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Crime, Drama, Mystery Translator..........Alias Encoder..............ZPA