
အထက်တန်းကျောင်းက ဓာတုဗေဒ ဆရာတစ်ယောက် ရှိပါတယ်။ သူဟာ ရိုးသားတဲ့ ကျောင်းဆရာတစ်ယောက်ပါ။ သူ့မှာ ခွဲစိတ်ကုသလို့မရတဲ့ အဆုတ်ကင်ဆာရောဂါ ရှိနေမှန်းကို သိရှိခဲ့ရပါတယ် သူ့မိသားစုရဲ့ရှေ့ရေးအတွက် ဘယ်လိုစီမံရမယ် ဆိုတာကနေစပြီး ဒီဇာတ်လမ်း စပါတယ်။ ဓာတုဗေဒကျွမ်းကျင်တဲ့ ဆရာတစ်ယောက်အနေနဲ့ Methamphetamine ဘယ်လိုထုတ်ရမယ်ဆိုတာကို သိပါတယ်။ ဈေးကွက်ကို ရှာဖို့တော့ ဈေးကွက်ကျွမ်းကျင်တစ်ယောက် လိုအပ်ပါတယ်။ နှစ်ယောက်တွေ့ဆုံမိတဲ့အခါမှာတော့ နှစ်ယောက်ပေါင်း လောင်းကျော် ဖြစ်ကြပါတော့တယ်။ ပညာတတ်တစ်ယောက် ဆိုးတဲ့မိုက်တဲ့အချိန်ကျရင် သူမတူအောင် မိုက်ပါတော့တယ်။ ကမ်းကုန်အောင် မိုက်ပါတော့တယ်။ နာမည်ကြီးပြီးသားဇာတ်လမ်းဆိုတော့ ဒီလောက်ပဲ ညွှန်းပါတော့မယ်။ နာမည်ကြီး Game of Thrones (GOT) ကို ကျော်ပြီး ကြည့်ရှုနှုန်းမြင့်မားခဲ့တဲ့ ဇာတ်လမ်းတွဲဆိုတော့ အရမ်းညွန်းစရာ လိုမယ် မထင်ပါဘူး။ IMDb Rating ကတော့ 9.5/10 ပါ Rotten Tomatoes အနေနဲ့ကတော့ 98% ဆိုတော့ မသေခင် ကြည့်သင့်တဲ့ဇာတ်လမ်းတွဲတွေထဲမှာ တစ်တွဲပေါ့ဗျာ File size… 400mb (ep) Quality…. Blu-Ray 720p Format…mp4 Duration…. 55 m (ep) Genre...Drama, Crime, Mistery Subtitle….Myanmar Subtitle (Hardsub) Encoder…. Xcode Translated by Htet Wai Lwin, Chanyein Soe, Charm Wave , Nyan Linn Oo, August, Htoo Htoo Ka Joe, Thaw