
Shaitan (2023) IMDb-7.6/10 အမှန်အမှားဆိုတာ ကျပ်ပြားစေ့တစ်ခုရဲ့ ခေါင်းနဲ့ပန်းလို နံရံပါးပါးလေးပဲခြားတာ။"အများညီရင် ဤကို ကျွဲဖတ်"ဆိုတဲ့ စကားအတိုင်းပဲ ခေတ်အဆက်ဆက် အမှန်အမှားဆိုတာလည်း လုပ်ရပ်ပေါ်မကြည့်ဘဲ အများအမြင်မှာပဲလမ်းဆုံးတတ်တာမလား။ "အမျိူးသမီးတယောက် သူ့ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ မတတ်သာဘဲ ယောက်ျားတွေနဲ့ အိပ်ရတဲ့အခါ အဲဒီအမျိုးသမီးကို ပြည့်တန်ဆာလို့သမုတ်ကြပြီး သူနဲ့အတူအိပ်တဲ့ယောက်ျားတွေကိုတော့ ဘာနာမည်မှမတပ်ကြဘူး" ဆိုတဲ့ ဘာလီ၊ မိခင်ရဲ့အလုပ်အပေါ် ရှက်ရွံ့စိတ်နဲ့ ဖအေလုပ်သူစွန့်ပစ်ခဲ့တဲ့ မိသားစုလေးယောက်ကို ပုခုံးထမ်းချင်ပေမယ့် သူ့ကိုဘယ်သူမှ အလုပ်မပေးချင်ကြ။ ဒီလိုနဲ့ တရက်မှာ ကံဆိုးမသွားရွာ မိုးလိုက်လို့ရွာဆိုတဲ့အတိုင်း သူတို့မိသားစုထဲကို ကံကြမ္မာဆိုးကြီး၀င်ခဲ့ပြီး လူ့အသိုင်းအဝိုင်းက သူ့ကိုလူသတ်သမားလို့သတ်မှတ်လိုက်ကြတဲ့အခါ။ "သစ္စာစောင့်သိမှုနဲ့ ကိုယ်ကျင့်တရားဆိုတာ နိုင်ငံရေးသမားနဲ့ရဲတွေမှာရှိတဲ့အရာမဟုတ်ဘူး"ဆိုတဲ့ ရဲအရာရှိနာဂီရတ်ဒီ၊ အထက်ကပေးအပ်လာတဲ့ တာ၀န်ကို မပျက်ကွက်အောင်ထမ်းဆောင်ပေမယ့် ကိုယ်ကျိုးမတွက်တဲ့ ရဲအရာရှိတစ်ယောက်။ အဲဒီလို၂ယောက်တို့ ပေါင်းမိသွားတဲ့အချိန်မှာတော့ အမှန်တရားအတွက်သူတို့တွေ တိုက်ပွဲ၀င်ကြမလား။ ကလဲ့စားတစ်ခုအတွက်နဲ့ပဲ လမ်းဆုံးနေမလားဆိုတာ နိုင်ငံရေးလှည့်ကွက်တွေကို ဇာတ်အိမ်တည်ထားပြီး ကိုးပိုင်းပဲပါ၀င်တဲ့ ဇာတ်လမ်းတွဲလေးကို ကြည့်လိုက်ရအောင်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V, Aditi, Moon, BpL, Yunni, Zweတို့ပဲဖြစ်ပါတယ်) File Size – 1.1GB / 500MB Quality – 1080p / 720p Duration – 29 min 41 s Total Episodes: 9Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Crime, Drama Translator – V~ Aditi~ Moon~ BpL~ Yunni~ Zwe Encoder – YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။