
Saint X (2023) =========== IMDb Rating - 6.1/10 အပန်းဖြေခရီးထွက်ရတာကို သဘောမကျတဲ့သူမျိုး မရှိနိုင်ဘူး ထင်ပါတယ်။ စိတ်ပျော်ရွှင်ဖို့အတွက် ခရီးတွေထွက်ကြတယ်၊ တချို့ကတော့ မိသားစုအချိန်လေးရဖို့ ခရီးထွက်တတ်ကြတယ်။ အယ်လီဆန်တို့ မိသားစုလေးကလည်း ကျောင်းပိတ်ရက်ရာသီ လေးမှာ အပန်းဖြေခရီးထွက်ခဲ့ကြတဲ့ သာမန်မိသားစုလေးပါပဲ။ ဒါပေမဲ့ ပျော်ရွှင်စရာအပန်းဖြေခရီးမဟုတ်ဘဲ ကြမ္မာဂြိုဟ်ဆိုး ဝင်မွှေခံရတဲ့ အပန်းဖြေခရီးတစ်ခု ဖြစ်လို့လာခဲ့တဲ့အခါ.... ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ဝက်စ်ချက်စတာမြို့က လူကုံထံလူဖြူမိသားစုတွေ အင်ဒီဂိုပင် လယ်အော်ကျွန်းလေးပေါ်က အပန်းဖြေစခန်းတစ်ခုဆီ အပန်း ဖြေခရီး ထွက်လာခဲ့ကြပါတယ်။ အယ်လီဆန်တို့ မိသားစုအပါ အဝင်ပေါ့။ အယ်လီဆန်က သိပ်ကိုလှပပြီး ဆွဲဆောင်မှုအပြည့် ရှိတော့ ခရီးစဉ်မှာပါသမျှ ပုရိသတွေအပြင် ကျွန်းသားတွေရဲ့ လည်ပြန်ငေးခြင်းကိုပါ ခံရတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ပေါ့လေ။ တစ်ညမှာတော့ အယ်လီဆန်တစ်ယောက် ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ပြီး ကျွန်းနဲ့မိုင်ချီဝေးတဲ့ ဖားရ် အဝေးကေးဆိုတဲ့ တောအုပ်ထဲမှာ သူ့ရဲ့အလောင်းပေါ်လာခဲ့ ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက သူ့အမှုကို မတော်တဆမှုတစ်ခုအနေ နဲ့ပဲ ပိတ်လိုက်ခဲ့ကြတယ်။ နှစ် ၂၀ ကြာပြီးတဲ့နောက်မှာတော့ အယ် လီဆန်ရဲ့ ညီမဖြစ်သူ အမ်မလီတစ်ယောက် အရွယ်ရောက်လာတဲ့ အခါမှာ သူ့အစ်မရဲ့ ပဟေဠိဆန်စွာ သေဆုံးရမှုအတွက် တရားခံ ရှာဖို့ စတင်ပါတော့တယ်။ မမျှော်လင့်ထားတဲ့ အချိုးအကွေ့တွေနဲ့ အဆုံးထိ ဆွဲခေါ်သွားမဲ့ စီးရီးကောင်းတစ်ခုပါပဲ။ ကျွန်တော်တို့တွေ အမ်မလီနဲ့အတူတူ တရားခံအစစ်ကို ဝိုင်းဖမ်းပေးလိုက်ကြရအောင်ပါ။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်။) File Size.............(350 MB) / (850 MB) Quality...............WEB-DL 720p / 1080p Duration............50Min(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Drama, Mystery, Thriller Translator..........May Thet Khine Soe Encoder..............SWM