
Agents of S.H.E.L.D (Season 6) =================== ပြီးခဲ့တဲ့ Season 5 မှာ Monolith လို့ခေါ်တဲ့ မှော်ဆန်ဆန်ကျောက်တုံးတွေကြောင့် Phil Coulson တို့အုပ်စု ကမ္ဘာပျက်ပြီး အသက်ရှင်ကျန်ခဲ့တဲ့လူတွေကို Kree ဂြိုလ်သားတွေကနေ ကျွန်ပြုထားတဲ့ခေတ်ကို ရောက်သွားပါတယ်။ အဲ့ဒါကြောင့် Coulson တို့ မူလအချိန်ကို ပြန်ရောက်လာနိုင်တဲ့အခါမှာ ကမ္ဘာမပျက်အောင် တားဆီးခဲ့တာကို အမှတ်ရကြအုန်းမှာပါ။ ဒီ Season (6) မှာတော့ Season (5) ဖြစ်ရပ်အပြီး တစ်နှစ်အကြာမှာ ဇာတ်လမ်းစထားတာဖြစ်ပြီး Coulson မရှိတော့နောက်ပိုင်း S.H.E.L.D Director အသစ်အဖြစ် Mark ကဦးဆောင်နေပါတယ်။ ဒီနေရာမှာ Fitz အကြောင်းနည်းနည်းလေးပြောချင်ပါတယ်။ Fitz က Season (5) မှာ တိုက်ပြိုကျတဲ့အတွက် သေသွားတာဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့်လဲ Daisy နဲ့ Jemma တို့က ဒီ Season (6) မှာ အာကာသထဲထပ်သွားပြီး ဖန်လုံခန်းထဲမှာ ရေခဲရိုက်ခံထားရတဲ့ Fitz ကို ပြန်ရှာနေတာပါ။ Mark ကရော Coulson လို ခေါင်းဆောင်ကောင်းဖြစ်နိုင်မလား၊ Fitz ကိုရော ပြန်ရှာတွေ့နိုင်မလား၊ မထင်မှတ်ထားတဲ့ ဇာတ်ကောင်အသစ်တွေ ပေါ်လာအုန်းမလား၊ ဗီလိန်အသစ်က ဘယ်သူဖြစ်မလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရအုန်းမှာပါပဲ။ Agents of S.H.E.L.D ဆိုတဲ့ စီးရီးက MCU Timeline အတိုင်းသွားနေတဲ့ စီးရီးတစ်ခုဖြစ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ Hydra ကို အပြုတ်ဖြုတ်ခဲ့တာလဲ S.H.E.L.D ပါပဲ။ Nick Fury ရဲ့သေဆုံးမှု(သေချင်ယောင်ဆောင်)က S.H.I.E.L.D အပေါ်ဘယ်လောက်သက်ရောက်မှုရှိခဲ့လဲဆိုတဲ့အကြောင်း၊ Avenger: Age of Ultron နောက်ဆုံးခန်းမှာ လာကယ်တဲ့ ဟယ်လီကယ်ရီယာ(helicarrier)ကို S.H.E.L.D မှာတည်ဆောက်ခဲ့တဲ့အကြောင်း၊ Season 5 မှာလဲ Thanos အကြောင်းအရိတ်အမြွတ်ပြောတာတွေ စတာတွေက ပရိတ်သတ်တွေကို ပိုမိုစိတ်ဝင်စားစေခဲ့တာဆိုလဲ မမှားပါဘူး။ ဒါပေမယ့် အခု Season (6) မှာတော့ MCU Timeline အတိုင်းမသွားတော့ဘူးလို့ အတိအလင်းကြေငြာလိုက်ပါပြီ။ Season (5) ဇာတ်သိမ်းပိုင်းက Infinity War ဖြစ်ခါနီးအချိန်မှာပါ။ ပုံမှန်ဆို ဒီ Season (6) က IW အပြီး၊ Thanos လက်ဖျောက်တီးပြီးနောက်ပိုင်း ဇာတ်လမ်းပြန်တည်ရမှာဖြစ်ပေမယ့် အင်တာဗျူးမှာဖြေသွားတာကတော့ Season (6)ကို လက်ဖျောက်မတီးခင် (pre-snap) အချိန်ကာလလို့ဆိုထားပါတယ်။ အဓိကအကြောင်းရင်းကတော့ End Game ကြောင့်ပါပဲ။ အစက Season (6)ကို (၁)လပိုင်းမှာပြသဖို့ရည်ရွယ်ထားတာပါ။ တနည်းအားဖြင့်ဆိုရရင် End Game မပြခင်အချိန်ဖြစ်တာကြောင့် လက်ဖျောက်တီးပြီးနောက်ပိုင်းအချိန်ကို ဇာတ်အိမ်တည်လိုက်ရင် End Game အတွက် Spoiler ဖြစ်သွားစေနိုင်တာမျိုး ဒါမှမဟုတ် End Game ဇာတ်လမ်းကို ထိခိုက်သွားနိုင်တာမျိုးကြောင့်ပါ။ Translated & Review By Hein Min Tun Encoded By LK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
September 29, 2015
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.5 / 10
Director