
ံHydra အကြောင်းကိုလဲဒီစီးရီးထဲမှာ ပြည့်ပြည့်စုံစုံသိနိုင်ပါတယ်။ Nick Fury ရဲ့သေဆုံးမှု(သေချင်ယောင်ဆောင်)က SHIELD အပေါ်ဘယ်လောက်သက်ရောက်မှုရှိခဲ့လဲဆိုတဲ့အကြောင်း၊Avenger: Age of Ultron နောက်ဆုံးခန်းမှာ လာကယ်တဲ့ ဟယ်လီကယ်ရီယာ(helicarrier)ကို S.H.E.L.D မှာတည်ဆောက်ခဲ့တဲ့အကြောင်း၊ အခု Season 5 မှာလဲ Thanos အကြောင်းအရိတ်အမြွတ်ပြောတာတွေ စသည်ဖြင့်ပါဝင်ပါတယ်။ MCU Timeline အတိုင်းသွားနေတဲ့စီးရီးဖြစ်သလို Inhuman အကြောင်းတွေလဲ တော်တော်များများပါဝင်ပါတယ်။ Season 4 မှာဆိုရင် Ghost Rider ( Robbie Reyes) တောင်ပါလာပါသေးတယ်။ အားနည်းချက်တစ်ခုကတော့ MCU နဲ့သွားချိတ်ထားတဲ့အတွက် ဟာကွက်လေးနည်းနည်းတော့ရှိပါတယ်။ ဘာလဲဆိုတော့ စီးရီးဖြစ်တာနဲ့အညီ စီးရီးထဲကလူတွေနဲ့ပဲပွဲကြမ်းလိုက်ရတော့ အဲ့လိုမျိုးကြမ်းပေ့ရမ်းပေ့Villainတွေနဲ့ချနေတာ Avenger တွေဘယ်ရောက်နေလဲဆိုတာတော့ မေးစရာရှိပါတယ်(Nick Furyကြီးတော့ လေး ငါးခန်းလောက်ပါလိုက်ပါတယ်)။ အဲ့အချက်လေးကိုမေ့ပြီးကြည့်ရင်တော့ ကြည့်ကောင်းတဲ့စီးရီးတစ်ခုဖြစ်တယ်ဆိုတာတော့လုံးဝအာမခံပါတယ်။ Phil Coulson ရဲ့ခေါင်းဆောင်ကောင်းပီသမှုတွေ၊ Agent May ရဲ့ Bad ass ဖြစ်မှုတွေ၊ Daisy Johnson(Quake)ရဲ့ Sexy and Dangerous အကွက်တွေ၊ Fiz နဲ့ Simmon တို့ရဲ့ ရိုးရိုးလေးနဲ့ကြည်နူးစရာကောင်းတဲ့ရိုမန်တစ်လေးတွေ နဲ့ဒီစီးရီးကို ပျင်းစရာမကောင်းအောင်ဆွဲခေါ်သွားမှာပါ။ အခုတင်ဆက်ပေးလိုက်တဲ့ Seaon 5 မှာတော့ MCU Timeline အရဆိုရင် Spiderman: Homecoming ပြီးနောက်အချိန်မှာစထားပါတယ်။ Season 4 မှာတုန်းက Framework ထဲ တစ်ဖွဲ့လုံးရောက်သွားရာကနေ လွတ်မြောက်လာပြီးနောက် ဇာတ်လမ်းပြန်ဆက်ထားတာပါ။ Phil Coulson, Agent May, Daisy, Fiz, Simmon, Mack နဲ့ Yo-Yo တို့ အေးအေးဆေးဆေး စားသောက်ဆိုင်မှာအဖမ်းခံဖို့ အစားစားရင်းစောင့်နေရာကနေအမည်မသိအဖွဲ့တစ်ခုကနေ ဖမ်းခေါ်သွားပါတယ်။ ဖမ်းခေါ်သွားတဲ့အထဲမှာ Fiz မပါသွားပါဘူး။ ကျန်တဲ့အဖမ်းခံလိုက်ရတဲ့လူတွေက Monolith (မှော်ကျောက်တုံး)ကနေတဆင့် အနာဂတ် ကိုအပို့ခံလိုက်ရပါတယ်။ Framework ကနေလွတ်လာတာမကြာသေးအနာဂတ်ထပ်ရောက်သွားတယ်ပေါ့ဗျာ။ ဖြစ်ချင်တော့ သူတို့ရောက်သွားတဲ့အနာဂတ်အချိန်မှာ ကမ္ဘာကတစ်စစီဖြစ်နေပြီ။ အသက်ရှင်ကျန်ရစ်တဲ့လူတွေကလဲ အာကာသထဲက နေရာတစ်ခုရောက်နေတယ်။ သူတို့ရောက်သွားတာလဲအဲ့နေရာပဲ။ စကတည်းကယဉ်သကို ဆိုသလို ကျန်ရစ်တဲ့လူတွေကို အုပ်ချုပ်နေတာ Kreeဂြိုလ်သားတွေ(အသစ်ထွက်လာမယ့် Captain Marvel က Kreeတွေနဲ့ဆက်စပ်မှုရှိပါတယ်) ဖြစ်နေပါတယ်။ Phil Coulson တို့အဖွဲ့ ဘယ်လိုများ သူတို့ရဲ့အချိန်ကာလကိုပြန်ရောက်အောင်လုပ်မလဲ။ လက်ရှိကျန်ရစ်တဲ့လူတွေကိုရော ဂြိုလ်သားတွေလက်ထဲက ဘယ်လိုများကယ်တင်အုန်းမလဲ။ ကမ္ဘာပေါ်မှာ ကျန်ခဲ့တဲ့ Fiz ကရော ဘယ်လိုများကူညီကယ်တင်မလဲဆိုတာတွေကိုတော့စီးရီးမှာဆက်လက်စောင့်ကြည့်လိုက်ကြပါအုန်းခင်ဗျာ။
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
September 23, 2014
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.5 / 10
Director