
Kafas (2023) IMDb-7.7/10 ဒီဇာတ်လမ်းတွဲလေးကိုတော့ Sony LIVရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့ပြီး အပိုင်း ၆ပိုင်းပါဝင်တဲ့ Hindစကားပြော Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်လမ်းတွဲပါ။ 3Idiots ဇာတ်ကားကြီးနဲ့ ကျွန်တော်တို့ရင်ထဲကို ရောက်ရှိခဲ့တဲ့ သူငယ်ချင်းသုံးယောက်ထဲက ရာဂျူးရဲ့ ဇာတ်လမ်းတွဲအသစ်လေးပါ။ ဒီထဲမှာ သားဇောကပ်နေတဲ့ စီးပွားရေးမပြေလည်တဲ့ ဖခင်တစ်ယောက်နေရာကနေ ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ရုပ်ရှင်လောကက လူတချို့ရဲ့ လိင်စိတ်လွန်ကဲမှုနဲ့ လူတွေရဲ့လောဘအတ္တတွေကို အပြည့်အ၀ပုံဖော်ထားပါတယ်။မင်းသမီးကြီးကလည်း 3idiotsထဲမှာပဲ မင်းသမီးရဲ့အမနေရာက သရုပ်ဆောင်ထားတဲ့ မိုနာဆင်းဂ်ပါ။သူကလည်း မိခင်နေရာကနေ ဇာတ်ရုပ်ပီပြင်စွာပါဝင်ထားပါတယ်။ သာမာန်လူလတ်တန်းစားမိသားစုလေးတစ်ခုက မိခင်ဖြစ်သူဟာ သူမဖြစ်ခဲ့ရတဲ့အိပ်မက်တွေ သူ့သားဖြစ်သူ ဆန်နီတစ်ယောက် ဖြစ်ခွင့်ရလို့ဝမ်းသာနေပါတယ်။အဖွားဖြစ်သူအစောင့်အရှောက်နဲ့ ဘောလိ၀ုဒ်ရုပ်ရှင်ကား သွားရိုက်ပြီး ပြန်လာတဲ့ အထက်တန်းကျောင်းသား မင်းသားပေါက်စလေးဆန်နီတစ်ယောက် သူ့ကိုကြိုဆိုဖို့ စပရိုက်ပါတီလုပ်ပေးထားပေမယ့်လည်း မပျော်နိုင်ခဲ့ပါဘူး။အကြောင်းကတော့ သူအတူတွဲသရုပ်ဆောင်ခဲ့ရတဲ့ နာမည်ကြီးသရုပ်ဆောင် ဗစ်ကရန်ရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းကို ခံခဲ့ရလို့ပါ။ဒီအကြောင်းတွေကို မိဘတွေသိတဲ့အချိန်မှာတော့ ရင်တွေကွဲကြေပြီး ရှေ့ဆက်ဘာလုပ်ရမလဲ အကျပ်တွေ့ခဲ့ရပါတယ်။ သူတို့လို ဘာမှမရှိတဲ့အခြေအနေရယ် တဖက်လူရဲ့ ကျော်ကြားမှု စည်းစိမ် ပါဝါတွေရယ်က ယှဉ်နိုင်ဖို့လည်း ခဲယဉ်းနေတယ်။ဒါပေမယ့် ရှိတဲ့အင်အားနဲ့ အဲဒီမတရားမှုကို အရေးယူနိုင်ဖို့ကြိုးစားကြမလား။ ချမ်းသာကြွယ်၀မှုဆိုတာကို သူတို့တွေတွန်းလှန်နိုင်ပါ့မလား။မိသားစုတွေ အဆင်ပြေပြေဆက်နေနိုင်မှာလားဆိုတာ………………..။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi~Cherry~Voldemort~Moon~BpL~ThaikSanတို့ပဲဖြစ်ပါတယ်) Quality : 1080p / 720p Total Episodes : 6Eps Format : mp4 Genres :Drama, Bollywood Duration : 41mins Subtitle : Myanmar Subtitle ( Hardsub ) Translated by Aditi~Cherry~Voldemort~Moon~BpL~ThaikSan Encoded by YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။