
Golden Mask (2022) =============== “Love Twist"ပြီးသွားလို့ နောက်ထပ်စီးရီးရှည်သစ်ကို မျှော်နေတဲ့ CM ပရိသတ်တွေအတွက် "Golden Mask"ဆိုတဲ့ အပိုင်း ၁၀၀ ကားသစ်ကို တင်ဆက်ပေးလိုက်ရပါတယ်... ဇာတ်လမ်းအညွှန်း Yoo Soo-Yeon က သာမန်မိသားစုမှာကြီးပြင်းလာခဲ့ပေမယ့် ချမ်းသာတဲ့သူဌေးသားတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ခဲ့ပါတယ်။ စင်ဒရဲလားဆန်ဆန်ဘဝကြောင့် လူတိုင်းရဲ့အားကျခံရပေမယ့် ခွဲခြားဆက်ဆံတဲ့ ခင်ပွန်းဘက်ကအသိုင်းအဝိုင်းကြောင့် သူမဘဝက မလွယ်ကူခဲ့ပါဘူး Cha Hwa-Young ကတော့ လိုအင်ဆန္ဒတွေ၊ လောဘတွေနဲ့ပြည့်နေပြီး သူမရဲ့အထက်တန်းလွှာဘဝကို ထိန်းသိမ်းဖို့ကြိုးစားနေသူဖြစ်ပါတယ်။ Go Mi-Sook က ပုဂ္ဂလိကငွေချေးငှားသူဖြစ်ပြီး ကိုယ်ပိုင်စားသောက်ဆိုင်ပိုင်ထားတဲ့ လူကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုမတူညီတဲ့ဘဝအခြေအနေတွေပိုင်ဆိုင်ထားတဲ့ အမျိုးသမီး ၃ ယောက်ဟာ မတော်လောဘတွေကြောင့် ဖြစ်ရပ်ဆိုးတစ်ခုနဲ့ကြုံတွေ့ပြီး ရူးသွပ်ဖို့ကောင်းတဲ့တိုက်ပွဲတစ်ခုဖြစ်ပေါ်လာပါတော့တယ်။ ဒီအမျိုးသမီး ၃ယောက်ကြားက တိုက်ပွဲမှာ ဘယ်လိုနည်းပရိယာယ်တွေ မာယာတွေပါနေမလဲ... အဆုံးသတ်မှာ ဘယ်သူကအနိုင်ရသွားမလဲဆိုတာသိရဖို့ CMကနေ တနင်္လာ-သောကြာ ငါးရက်လုံးတင်ဆက်ပေးသွားမှာမို့ တဝကြီးကြည့်ရှုအားပေးကြပါဦးနော် ။ Native Title: 황금 가면 Episodes: 100 Aired: May 23, 2022 - Oct 7, 2022 Aired On: Monday, Tuesday, Wednesday, Thursday, Friday Original Network: KBS2 Duration: 40 min. Content Rating: 15+ - Teens 15 or older Translated by Shoon , Ei Phyu Khin Encoded by Naing Aung Latt