
ကိုရီးယားနိုင်ငံမှာ ၁၉၈၆ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ဟွာဆောင်းကွင်းဆက်လူသတ်မှုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ဒီဖြစ်ရပ်မှန်မှာ အဓိက ကျူးလွန်တဲ့ လူရဲ့နာမည်က Lee Chun-jae လို့ခေါ်ပါတယ်.. သူဟာအပြင်လောကမှာ မှုခင်းပေါင်း ခန့်မှန်း ၄၅ခုကျူးလွန်ခဲ့တယ်လို့ဆိုတယ်... လူပေါင်း ၁၅ဦးထက်မနည်းသတ်ဖြတ်ခဲ့ပြီး မုဒိမ်းမှုပေါင်း ၃၀ကျော်လည်း ကျူးလွန်ခဲ့တယ်လို့ဆိုတယ်.. ဆိုတော့ ဒီလူဟာ ဘယ်လောက်ရက်စက်ပြီး အမှုတွေအများကြီးကျူးလွန်ခဲ့တာတောင် ရဲတွေမဖမ်းနိုင်လောက်အောင် တော်လဲဆိုတာကို ခန့်မှန်းမိကြမယ်ထင်ပါတယ်... ဒါ့ကြောင့်ဒီဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့ဒီစီးရီးဟာ ဘယ်လိုမျိုးဇာတ်လမ်းတွဲမျိုး ဖြစ်မယ်ဆိုတာတော့ခန့်မှန်းမိလောက်ကြမယ်ထင်ပါတယ်... ဇာတ်လမ်းတွဲရဲ့အစမှတော့ မူယောမ်ဆိုတဲ့လူငယ်လေးရဲ့ အဖေဟာ ဟွာဆောင်းကွင်းဆက်လူသတ်မှု တရားခံအဖြစ်စွပ်စွဲခံရပါတယ်... ဒီလူသတ်မှုရဲ့စွပ်စွဲချက်ကြောင့် သူ့အဖေဟာ လူ့အသိုင်းအဝန်းက ဖယ်ကျဉ်ခံရတဲ့ဒဏ်ကိုမခံနိုင်ဖြစ်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားပါတယ်.. ဒါ့ကြောင့် မူယောမ်ဟာ စုံထောက်တစ်ယောက်ဖြစ်အောင်ကြိုးစားပြီး တကယ်လူသတ်တရားခံအစစ်ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားပါတော့တယ်.. အပိုင်း ၂၀ ထိရှိပြီး အပိုင်းတိုင်းဟာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရပြီး ဉာဏ်ပြေးလွန်းတဲ့လူသတ်သမားနဲ့ စုံထောက်တွေကြား လိုက်လံတွေးတောရင်း ကိုယ်ပါစုံထောက်လိုက်လုပ်ရသလို ဖီလင်မျိုးရတာကြောင့် crime ဇာတ်လမ်းကောင်းကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း..... Episodes: 2၀ File Size:1.5GB, 500MB Quality :Web-DL 1080p,720P Genres: Thriller, Mystery, Drama, Crime Translated by Ei Phyu Khin, Hazel, Treasure Htet, Hay Thar Oo, Myat Noe,Tiff , Shin Rina & Hnin Wai Oo Encoded by Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။