
Dead Pixels (India)(TV Series 2023) IMDb-7.4/10 2019ခုနှစ်က ထွက်ရှိခဲ့တဲ့ ဗြိတိန်ဇာတ်လမ်းတွဲကိုပဲ remake လုပ်ထားတဲ့ စီးရီးလေးပါ။ဂိမ်မာတွေ အချင်းချင်းကြားက ချစ်ခင်ရင်းနှီးမှု၊သူတို့ ဘ၀နေထိုင်မှုတွေ လက်တွေ့ဘ၀မှာ ဖြတ်သန်းကြပုံတွေကို တင်ဆက်ပေးထားတဲ့ ဇာတ်ကြောင်းကို စီးရီးနာမည်မပြောင်းဘဲ အရသာတမျိုးလေး ခံစားရစေမှာပါ။နောက်မတူတာတခုက ဗြိတိန်ဇာတ်လမ်းထဲမှာ ဆော့တဲ့ဂိမ်းက Kingdom Scrolls ဖြစ်တာရယ် ဒီအိန္ဒိယစီးရီးလေးထဲမှာတော့ Battle of Thrones ဂိမ်းကိုဆော့ကြတာပါ။ ဇာတ်လမ်းအကျဉ်း ဂါယာသရီဆိုတဲ့ ကောင်မလေးရယ် ဘဟာဂဗ်နဲ့ အာနန်ဆိုတဲ့ ဘဲနှစ်ပွေရယ်က ဂိမ်မာတွေပါ၊ ဂါယာသရီမှာ အိုက်ရှ်ဝါရီယာဆိုတဲ့ သူငယ်ချင်းအလန်းလေးရှိပြီး သူတို့၂ယောက်ရယ် ဘဟာဂဗ်ရယ် တိုက်ခန်းတခုထဲမှာ အတူတူစုနေကြတာပါ။ ဂါယာသရီနဲ့ ဘဟာဂဗ်က ရုံးတခုမှာ အလုပ်အတူတူ၊တရက် သူတို့ရုံးကို အသစ်ရောက်လာတဲ့ ရိုနန်ဆိုတဲ့ ဘဲခပ်ချောချောလေးကို ဂါယာသရီက နှာဘူးထပြီး ဂိမ်းထဲမှာ အတူဆော့ဖို့ ခေါ်လာပါရော။အဲဒီမှာ သူတို့သူငယ်ချင်းသုံးယောက်ပေါင်းပြီး ရိုနန်ကို ဝိုင်းဆေးထိုးကြပါတယ်။ ဒီဇာတ်လမ်းလေးမှာ သူတို့မျှော်လင့်ထားသလို ဂိမ်းရဲ့နောက်ဆုံးပန်းတိုင်ကို ရောက်အောင် သွားနိုင်ကြမလား။ဂိမ်းကပဲ သူတို့ဘ၀ထဲကို လက်တွေ့ဆန်တဲ့ထိတွေ့မှုတွေ ယူလာပေးမလားဆိုတာ ကြည့်ကြည့်ကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ်) File Size – 600MB / 300MB Quality – 1080p / 720p Duration – 25mins Total Episodes: 6Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy Translator – CM Bollywood Team Encoder – YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
May 19, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.0 / 10
Director