
ဇာတ်လမ်းတွဲပေမဲ့ မင်းသမီးကတော့ နှယ်နှယ်ရရမဟုတ်ပါဘူး။ ဟောလိဝုဒ်မင်းသမီးတွေရနိုင်တဲ့ အကြီးဆုံးဆု၊ ကမ္ဘာပေါ်က မင်းသမီးတွေရနိုင်တဲ့အကြီးဆုံးဆုလို့ပြောလို့ရတဲ့ Academy Award for Best Actress in a Leading Role အော်စကာဆုကို ၂ခါပြန်ရထားတဲ့ Hilary Swank ပါ။ Boys Don't Cry ဆိုတဲ့ကားနဲ့ ပထမတစ်ခါရခဲ့ပြီး ကလင့်အိစ်ဝုရိုက်တဲ့ Million Dollar Baby နဲ့ ဒုတိယရခဲ့တာပါ။ အော်စကာနှစ်ဆုရှင် ရှားရှားပါးပါး သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးပေါ့။ ဒီထဲမှာ ဟီလာရီက သတင်းထောက် အိုင်လင်းအဖြစ်သရုပ်ဆောင်ထားတယ်။ သူက သတင်းကြီးတွေကိုရအောင်လိုက်နိုင်တဲ့သူမျိုး၊ သတင်းကောင်းသတင်းမှန်ကိုရေးဖို့ ဘာအတွက်မှ နောက်မတွန့်တဲ့ သတင်းထောက်မျိုး။ ကားအဖွင့်မှာ ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ အာဏာအလွဲသုံးစားလုပ်ပြီး လူဆိုးတွေဆီ လက်နက်ရောင်းတဲ့လုပ်ရပ်အကြောင်း သတင်းရေးခဲ့တယ်။ အဲဒီသတင်းက တော်တော်လည်း ဟိုးလေးကျော်ဖြစ်သွားပေမဲ့ ဗိုလ်ချုပ်ကြီးရဲ့အဖွဲ့ဘက်က အာဏာကိုကစားပြီး ဒီသတင်းက အမှားပါလို့ ပုံဖျောက်ခဲ့ပြီး သတင်းပေးပါပျောက်သွားတော့ သူ ငါးပါးမှောက်ပါရော။ သတင်းစာတိုက်ကလည်း အဲဒီသတင်းကိုဖြုတ်တော့ မဟုတ်မခံချင်စိတ်နဲ့ အလုပ်ထွက်လာခဲ့တယ်။ အဲဒီမှာ သူ့လိုလူမျိုးကိုလိုနေတဲ့ အလာစကာဒေးလီး သတင်းစာတိုက်ပိုင်ရှင်က သူ့ဆီရောက်လာပြီး လာကမ်းလှမ်းတယ်။ အိုင်လင်းကို အလာစကန်တိုင်းရင်းသူတွေ ပျောက်ဆုံးသတ်ဖြတ်ခံနေရတာနဲ့ပတ်သက်ပြီး သတင်းလိုက်စေချင်တာပေါ့။ တိုင်းရင်းသူတွေအပေါ်ကျူးလွန်ခံရမှုတွေဟာ ဒေသတွင်းမှာ အဖြစ်များလာတဲ့ကိစ္စဖြစ်ပေမဲ့ အစိုးရရော ရဲတွေရော နိုင်ငံရေးသမားတွေကပါ လျစ်လျူရှုထားကြပါတယ်။ ရွာပြင်ရောက်မှာ စိုးကြတာကိုး။ ကလောင်သွားထက်တဲ့၊ သတင်းအတွက် ဘာကိုမှမကြောက်တဲ့ သတင်းထောက်အိုင်လင်းတစ်ယောက် သူလုပ်နိုင်တဲ့ဘောင်ထဲကနေ ဒီလူသတ်မှုတွေအကြောင်း ဘယ်လိုစုံစမ်းဖော်ထုတ်မလဲဆိုတာကို တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူတွေကတော့ Roseline, Thar Htet နဲ့ DB တို့ပဲဖြစ်ပါတယ်။) Size ~ 600MB+ Total ~ 10 Episodes Quality – 1080p Duration ~ 45min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : HULU.Web-dl.1080p Translator – Roseline, Thar Htet, DB Encoder – Y