
ဒီကားထဲမှာ ရွေးနီမလေးတုန်းတည်းကချစ်ခဲ့ရတဲ့ မင်းသမီးလေး တစ်လောလေးက ဖဲရားနဲ့အတွဲညီညီသရုပ်ဆောင်ပြီး အသက်ကြီးနေပေမယ့်လဲ မပျက်ဆီးသေးပဲ လှတုန်းလှဆဲ မင်းသမီးလေးဂျန်နာရာပါပါတယ် ။ တူတူတဲတဲ့မင်းသားကတော့ Whisper ကားထဲက ချစ်ရတဲ့ဦးလေးကြီး လီဆန်းယွန်းပါပဲ ။ ဇာတ်လမ်းကတော့ အထူးဧည့်သည်ဆိုတဲ့ လူတန်းစားတစ်လွှာကို ဝန်ဆောင်မှုပေးနေရတဲ့ကုမ္ပဏီတစ်ခုမှာ လက်ထပ်ထားတဲ့စုံတွဲတစ်တွဲကြားက အိမ်ထောင်ရေးဇာတ်လမ်းလေးပါပဲ... ကိုရီးယားထုံးစံအတိုင်း ဖောက်ပြန်တဲ့ဇာတ်လမ်းတွေပဲပေါ့ ဒီဇာတ်လမ်းရဲ့ဆွဲဆောင်မှုကတော့ ဘယ်သူကဘယ်သူနဲ့ဖောက်ပြန်နေမှန်းမသိပဲနဲ့ တကယ်ရောဖောက်ပြန်ရဲ့လား သို့လောသို့လောအတွေးတွေနဲ့ ရှေ့ဆက်ကြည့်ချင်အောင်ဆွဲဆောင်နေတာပါပဲ... အရမ်းချစ်ပြီးလက်ထပ်ခဲ့ပြီးတာတောင် မတော်တဆဆိုတာနဲ့တင်ဖောက်ပြန်နိုင်တာလား... ရာထူးတိုးဖို့တစ်ခုအတွက်နဲ့ ကလေးတွေမျက်နှာတောင်မထောက် ဖောက်ပြန်နိုင်တာလား... ဒီလိုမျိုးအတွေးတွေနဲ့ တစ်ပိုင်းပြီးရင်တစ်ပိုင်း ဆက်ကြည့်ချင်နေမှာပါ ဖောက်ပြန်မှုတွေချည်းပဲတွေ့ရမယ်ထင်ပြီး စိတ်မပျက်ပါနဲ့ဦးနော် ကုမ္ပဏီတစ်ခုရဲ့လည်ပတ်ပုံတွေကိုလဲ အသေးစိတ်ပြထားသေးတာမို့ ကြည့်ရတဲ့အချိန်တောင် ဘယ်လိုကုန်မှန်းမသိလိုက်ပါဘူး ။ ( ဘာသာပြန်နဲ့အညွှန်းရေးပေးထားတဲ့သူကတော့ Fliex ပါ ) Network: SBS Episodes: 16 Release Date: October 28 - December 17, 2019 Runtime: Monday & Tuesday 22:00-23:10 File size__( 480 MB) Format__mp4 Duration__1hr @Episode Type__Drama , Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Fliex Encoded by Naing Aung Latt
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။