
မာလိုင် အဖြစ် Pinky Savika ဒတ် အဖြစ် Golf Anuwat လွမ် အဖြစ် Aun Witaya တိတ်ဆိတ်တဲ့ညမှာ သူခိုးဓားပြအဖွဲ့ဟာအမှောင်ကိုအခွင့်ကောင်းယူပြီး လူသူအစောင့်ကင်းမဲ့တဲ့ စံအိမ်ကြီးတစ်ခုထဲကို ဝင်လာကြတယ်...အံအားသင့်စရာကောင်းတာက အစောင့်မရှိ လူမရှိတာတောင်မှ စံအိမ်တော်ကြီးထဲမှာ အဖိုးတန်ပစ္စည်းတွေ တစ်ခုတစ်လေတောင်မပျောက်ဘဲတည်ရှိနေတာပါပဲ...သူခိုးတွေအတွက် ပွပေါက်ပေါ့...တန်ဘိုးကြီးတဲ့ ရွှေကလပ်တွေ လက်ဝတ်ရတနာတွေယူနေတုန်းမှာပဲ ဗြုန်းဆိုမျက်နှာကျက်နဲ့ နံရံမှာ သွေးကွက်တွေပေါ်လာတယ်... အလွန်ကြောက်စရာကောင်းတဲ့ သရဲမဟာ ဒီစံအိမ်ထဲဝင်ပြီး ပစ္စည်းတွေခိုးတဲ့သူတွေကို ဂုတ်ကိုခွစီးပြီး လည်ပင်းတွေချိုးပစ်လိုက်တယ်.... ဘဝခြားနေတာတောင် ဒီသရဲမဟာ လူတွေကိုသတ်ပစ်နိုင်စွမ်း ဝင်ပူးနိုင်စွမ်းရှိတဲ့ အငြိုးကြီးသရဲမဖြစ်ပုံရပါတယ်.... တကယ်တော့ဒီခြံကြီးနဲ့အိမ်မှာပိုင်ရှင်တွေရှိပါတယ်...အိမ်ကြီးကိုရောင်းချင်ပေမဲ့ သရဲကြမ်းတဲ့အတွက်ကြောင့် ရောင်းဖို့ခက်ခဲနေတာကြောင့် အတော်ဆုံးအောက်လမ်းဆရာကိုပင့်ဖိတ်ပြီး သရဲမကိုနှိမ်နှင်းဖို့ကြိုးစားပါတယ်....သရဲမဟာ ပရိတ်ကြိုးလိုအရာမျိုးတွေကိုဖြတ်ပစ်တဲ့အပြင် အောက်လမ်းဆရာကိုရော အိမ်ပိုင်ရှင်လင်မယားကိုပါထပ်သတ်ပစ်လိုက်တယ်... အဲ့ဒီနောက်မှာတော့... ဒီကားလေးကတော့ မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ ထိုင်းနိုင်ငံရဲ့ စီနီယာ မင်းသမီးကြီး Pinky ပါဝင်ထားတဲ့ သရဲကားပါ.... ဘယ်လိုအငြိုးအတေးတွေကြောင့် မကျွတ်မလွတ်တဲ့သရဲမဖြစ်လာတာလဲ... ဒီစံအိမ်ကြီးဟာရှေးတုန်းက ဘယ်လိုဇာတ်လမ်းမျိုးတွေရှိခဲ့တာလဲ... သူမကို ဒီလိုဘဝမျိုးတွေဖြစ်အောင်ဘယ်သူတွေကလုပ်ခဲ့တာလဲ... စိတ်ဝင်စားစရာကောင်းလွန်းတဲ့ဒီထိုင်းစီးရီး " ရန်ငြိုးမပျယ်သောစံအိမ် " ကို ခံစားကြည့်လိုက်ပါဉီး.... [ဇာတ်လမ်းအကျဉ်းကို Mann Mawkunn မှ ရေးသားပေးထားပါသည်] Drama: Reuan Rom Ngiw Country: Thailand Episodes: 27 Genres: Drama , Horror ,Romance Reviewd & Translated by Mann Mawkunn & Mhoo Htoo Encoded by Phyo Pyae