
နာမည်အတိုင်းပဲ ခပ်မှောင်မှောင်လေး လာပါပြီ။ မှောင်တာများ မိုက်လို့နော့ Dark Side ဖန်တွေ အကြိုက်တွေ့နိုင်မယ့် ကားမျိုးဆိုလည်း မမှားပါဘူး။ ၁၈ ပိုင်းပါတဲ့စီးရီးဆိုတော့ တစ်ဝကြီးကြည့် တစ်ပျော်ကြီးကြည့် ။ Dark Side သက်သက်တော့ မဟုတ်ဘူးနော့။ ဒရာမာ စီးရီးကောင်းတစ်ခုလည်း ဖြစ်နေသေးတော့ ကြည့်ကိုကြည့်ရမယ့် ဇာတ်လမ်းတွဲ။ ဇာတ်လမ်းအမျိုးအစားက Erotic Thriller အမျိုးအစားပါ။ ၁၈ ယောက် ပြည့်အောင် အရင်စုထားဖို့ မှာလိုက်ပါရစေဦး။ နောက်တစ်မျိုးကတော့ အမျိုးသမီးအကြမ်းဖက်မှုတို့၊ အိမ်တွင်းအကြမ်းဖက်မှု ၊ မုဒိမ်းမှု ဒီလိုကိစ္စတွေနဲံအတူတူ အချစ်၊ အိမ်ထောင်ရေး နှင့် ရမ္မက်ဆန္ဒအကြောင်းကို လှလှပပ နဲ့ စပိန်ကားတို့ထုံးစံအတိုင်း Plot Twist ပေါင်းများစွာနဲ့ဆိုတော့ ပရိသတ်အကြိုက်တွေ့မှာ သေချာပါတယ်ခင်ဗျာ။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ အယ်လ်မာဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့အိမ်ထောင်ရေးကို အခြေခံပြီး ဇာတ်လမ်းဇာတ်ကွက်ဖန်တီးထားတာပါ။ သူမရဲ့ အဆင်မပြေတဲ့အိမ်ထောင်ရေးရဲ့နောက်ဆက်တွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလို့ ဆိုလို့ ရပါတယ်။ အချစ်၊ ရမ္မက် နဲ့ အိမ်ထောင်ရေး ကို ဆေးပညာ၊ မှုခင်း နဲ့ ရောယှက်တင်ပြလိုက်တဲ့အခါမှာ ပရိသတ်အကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲတစ်ကား ဖြစ်လာတာပါပဲ။ အမျိုးသမီးတွေလည်း အကြိုက်တွေ့နိုင်တဲ့ ကားတစ်ကားပါပဲ။ အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ ကာကွယ်ရေးကို အခြေခံထားတဲ့ ဇာတ်ကွက်တွေလည်း အတော်များများ ပါနေလို့ပါ။ ၁၈ ပိုင်း ပါဝင်မှာ ဖြစ်တဲ့ ၁၈ အပေါင်းကား တစ်ကားလည်း ဖြစ်ပါတယ်။ File Size - 300mb (episode) Quality - web-dl 720p Subtitle - burmese Translator - August , YK , Htet Wai Lwin , Nay Myo Thu . Pyan Shan Tun Wai Encoder - Thit San Khant