
ဆိုးလ်မြို့ပေါ်မှာလို့တောင်မထင်ရလောက်အောင် စုတ်ပြတ်သတ်နေတဲ့အဆောင်တစ်ခု ဘာမှန်းမသိရပဲ အရမ်းစပ်စုတဲ့ အဆောင်ပိုင်ရှင်အဒေါ်ကြီး တွေ့လိုက်တိုင်း porn တွေကြည့်နေတဲ့ နှာဘူးတစ်ယောက် ကြပ်မပြည့်မတ်မပြည့်ညီအစ်ကို၂ယောက် ရုပ်ကလေးချောချောလေးနဲ့ဘာလုပ်လို့ဘာကိုင်မှန်းမသိ အိတ်တစ်လုံးနဲ့လျှောက်သွားနေတဲ့လူတစ်ယောက် အဲ့လိုမျိုးအရှုတ်ထုတ်တွေကြားထဲကိုရောက်သွားတဲ့ မွဲတေနေတဲ့ အလုပ်သစ်ရကာစကောင်လေးတစ်ယောက် အဲ့ရပ်ကွက်ကကြောင်တွေ၁၃ကောင်ဆက်တိုက်သေတယ် ကြောင်သေမှုကိုစုံစမ်းချင်နေတဲ့ရဲမေလေးတစ်ယောက်ရှိတယ် ပရဟိတတွေလုပ်ပြီးချောမောတဲ့သွားဆရာဝန်တစ်ယောက်လဲပါတယ် အဲ့ရပ်ကွက်မှာ လူပျောက်မှုတွေလဲမကြာမကြာဖြစ်တတ်တယ် ဒီကားကဘယ်လိုကားမျိုးလဲ parasite ကိုကြည့်ပြီးပြီလား အဲ့ကားကိုကြည့်တုန်းမှာ ခံစားရတဲ့ခံစားမှုကိုမှတ်မိသေးလား မွန်းကြပ်မှု အားမလိုအားမရဖြစ်မှု ကြောက်လန့်မှု စိတ်လှုပ်ရှားမှု အဲ့လိုတွေခံစားခဲ့ရတယ်မို့လား ဒီကားက အဲ့လိုခံစားမှုမျိုးကို အပိုင်း ၁၀ပိုင်းနဲ့ခံစားရမှာပဲ မယုံမရှိနဲ့ တစ်ပိုင်းကြည့်ပြီးရင် နောက်အပိုင်းတွေကိုမကြည့်ပဲမနေနိုင်လောက်အောင်ဆွဲဆောင်မှုရှိတယ် ဆွဲဆောင်မှုအရှိဆုံးအပိုင်းကတော့ ကိုယ်တွေအရမ်းချစ်ရတဲ့ ဂေါ်ဘလင်ကားထဲက သေမင်းဦးဦးကို ဘယ်ကားထဲမှာမှမတွေ့ဖူးသေးတဲ့ဇာတ်ကောင်နဲ့တွေ့ရမှာပဲ ပြီးတော့ သူကဇာတ်ဆောင်အဖြစ်နဲ့ပါလာတာရောဟုတ်ရဲ့လား နံမည်ကြီးသရုပ်ဆောင်ကို ဇာတ်ပို့လုပ်ခိုင်းပြီးတော့ လူသိပ်မသိတဲ့ နာမည်သိပ်မရသေးတဲ့ သူကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ ဇာတ်လမ်းကြီးက ကြမ်းထော်နေတဲ့ကားမို့ ပြီးတော့ OCN ကရိုက်တဲ့ကားမို့ ကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ် ဘာမှမရရင်တောင်မှ နောင်တတော့ရမှာပါ ကြည့်ပြီးရင် စိတ်ထဲကမထုတ်နိုင်တော့လို့ ငါလာလို့ကြည့်မိတာလဲဆိုပြီးတော့ တစ်ပတ်၂ပိုင်းလာမယ် စနေတနင်္ဂနွေ ညတွေလာမှာပါ ဘာသာပြန်ပြီးတော့ တနင်္ဂနွေ တနင်္လာမနက်တွေမှာတင်ပေးမှာပါ (ဘာသာပြန်ပေးထားသူတွေကတော့ Felix ပါ) Quality – 720p HDTV Duration – 1hr 00min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Horror, Mystery, Romance Source : 720p HDTV AAC H.264-NEXT Translator – Felix Encoder – THZ
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။