
Queen of the masks သူငယ်ချင်းကြားအချစ်အမုန်းသံယောဇဥ် မနာလိုသဝန်တိုမှုတွေကိုပုံဖော်ထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ် ပြည်သူ့ရှေ့နေဖြစ်တဲ့ ဒိုဂျယ်ရီ မာရီရယ်လာဟိုတယ်ရဲ့အဖွဲ့ခေါင်းဆောင် ယွန်းဟယ်မီ ဖက်ရှင်ဒီဇိုင်းနာ ဂိုယူနာ ယောင်ဝန်းယဉ်ကျေးမှုဖောင်ဒေးရှင်းဥက္ကဌရဲ့တစ်ဦးသောသမီး ဂျူယူဂျောင်း ငယ်ငယ်လေးတည်းက တစ်တွဲတွဲဖြစ်ခဲ့တဲ့ သူငယ်ချင်းလေးယောက် မတော်တဆမှုမဖြစ်ခင်အထိတော့ သူတို့လေးယောက်ဟာ အင်မတန်ရင်းနှီးကြတဲ့အချစ်ဆုံးသူငယ်ချင်းတွေပေါ့ ယူဂျောင်းရဲ့ birdal shower မှာ လူသတ်မှုဖြစ်ခဲ့ပြီးတဲ့နောက် အခြားသူတွေရဲ့အလိမ်အညာတွေကြောင့်မို့လို့ သူတို့ထဲကတစ်ယောက်ဟာ ထောင်ကျသွားခဲ့ရပါတယ် ၁၀ နှစ်ကြာပြီးတဲ့နောက် အောင်မြင်နေတဲ့သူငယ်ချင်း ၃ ယောက်ရှေ့ကို ပြန်ရောက်လာတဲ့အခါ ဘယ်လိုလက်စားချေမှုတွေလုပ်ဆောင်မှာလဲ တကယ့်ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကရော ဘယ်လိုဖြစ်ရတာလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် ဒိတ်ဒိတ်မင်းသမီး ၄ ဦးအပြိုင်သရုပ်ဆောင်ထားတာဖြစ်ဖို့ သရုပ်ဆောင်ချက်ပိုင်ပိုင်နိုင်နိုင်နဲ့ ရှယ်လောင်ရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ် စုစုပေါင်း အပိုင်း ၁၆ ပိုင်းပါဝင်ပြီးတော့ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်းထုတ်လွှင့်သွားမှာဖြစ်ပါတယ် File Size – 1GB / 500MB Quality – 1080p WEB DL / 720p Duration – 2h 22mins Total Episodes: 16Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Thriller, Mystery, Drama, Translator – ShwePyae~Kppks~K~LaiLaii~Aditi Encoder – YK