
Netflix က ထွက်ရှိထားတဲ့ The Tailor ဆိုတဲ့ တူရကီ Series လေးနဲ့မိတ်ဆက်ပေးပါရစေ။ ပီရာမီဆိုတဲ့ နာမည်ကျော် ဒီဇိုင်နာ တစ်ယောက်ဟာ သူ့ဘဝရဲ့ အရာရာမှာ အောင်မြင်နေတဲ့ သူတစ်ယောက်ပေါ့။ ဒါပေမဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကတော့ အရာရာမှာ ဆိုးသွမ်းပြီး ဖြစ်သမျှကိုပေါ့ပေါ့လေးနဲ့ ဖြတ်သန်းနေသူပါ။ သူငယ်ချင်းဖြစ်သူက မင်္ဂလာဆောင်အတွက် ပီရာမီ ကို ဝတ်စုံချုပ်ခိုင်းပါတော့တယ်။ ခက်တာက သူ့သူငယ်ချင်းတို့ မိသားစုဟာ သတို့သမီးကို ပြန်ပေးဆွဲသလို ထားထားတာပါပဲ။ သူတို့ မိသားစုက ဘယ်လိုလျှို့ဝှက် ချက်တွေ ရှိနေတာလဲ။ တစ်နေ့ ပီရာမီရဲ့ အဖိုးဖြစ်သူဆုံးသွားပြီး ဇာတိမြေကိုပြန်တဲ့အချိန်မှာ သူ့ရဲ့ငယ်ဘဝ အဖေဖြစ်သူ စိတ်မနှံတဲ့ အရူးကြီးနဲ့ အဖွားဖြစ်သူတို့ဟာ သူနဲ့အတူ အစ္စတန်ဘူမြို့ကို လိုက်လာဖို့အကြောင်းဖန်လာပါတယ်။ ဒါတင်မကဘဲ သူတို့မိသားစုရဲ့ လျှို့ဝှက်ချက်တွေဟာလဲ သူနဲ့အတူပါလာရာမှ တချိန်က အမှန်တရားတွေက တံခါးလာခေါက်ပါတော့တယ်။ Comedy in The City ထဲကလို ဘာလို့လဲ ဘာ့ကြောင့်လဲ ဘာအတွက်လဲတွေများနေတဲ့ကားပေါ့။ ဇာတ်သိမ်းပိုင်းမှာရော အားလုံးကို စိတ်ကျေနပ်စေမဲ့ အဖြေတွေပဲပေးသွားမလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Drama, Mystery Quality…. 1080p | 720p File size… 600MB | 300MB Format… mp4 Duration…. 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron