
အစိုးရအရာရှိဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ ဂူဆန်းယောင်းဟာ နေ့ဘက်ဆိုအချိန်ပိုင်းအလုပ်လုပ်ပြီး ညဘက်ဆိုစာလေ့လာရင်းအလုပ်ရှုပ်နေတတ်တဲ့ကောင်မလေးဖြစ်ပါတယ်။ တစ်ဖက်ကမ္ဘာမှာတော့ ဂူဆန်းယောင်းကို ပူးကပ်နေတဲ့ နတ်ဆိုးတစ်ပါးရှိပြီး တစ်နေ့မှာတော့ ဂူဆန်းယောင်းရဲ့ ပတ်ဝန်းကျင်မှ ာ ထူးဆန်းတဲ့သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့အချိန်ကစပြီး ဂူဆန်းယောင်းဟာတဖြည်းဖြည်းချင်း ပြောင်းလဲလာတယ်ဆိုတာကို သူကိုယ်တိုင် သတိပြုမိလာပါတော့တယ်။ ယောမ်ဟယ်ဆန်းကတော့ တက္ကသိုလ်မှာ ကိုရီးယားရိုးရာပုံပြင်တွေကိုသင်ကြားပို့ချတဲ့ဆရာတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းက မကောင်းဆိုးဝါးတွေကို မြင်နိုင်စွမ်းရှိသူ တစ်ယောက်ဖြစ်ပါတယ်။ အီဟုန်းဆယ်ကတော့ အကြမ်းဖက်ပြစ်မှုစုံစမ်းရေးအဖွဲ့က လက်ထောက်အဖွဲ့ဝင်ဖြစ်ပြီး ရဲဌာနမှာ အလုပ်ဝင်နိုင်ဖို့အတွက် ကြိုးပမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။ ယောမ်ဟယ်ဆန်းဟာ ဂူဆန်းယောင်းတို့ဆုံတွေပြီးနောက်မှာတော့ မိခင်ဖြစ်သူရဲ့အသက်ကိုနုတ်ယူသွားတဲ့နတ်ဆိုးကိုရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ အီဟုန်းဆယ်ကလည်း သူတို့နှစ်ယောက်ကြောင့် ထူးဆန်းတဲ့ပြစ်မှုတွေထဲမှာ ပါဝင်ပတ်သတ်ဖို့ဖြစ်လာတဲ့အခါမှာတော့..... Aired: Jun 23, 2023 -Jul 29, 2023 Aired On: Friday, Saturday Genres: Thriller, Mystery, Supernatural Duration: 70 mins Episodes: 12 Original Network: SBS File Size: 720p(~350MB) , 1080p(880MB) Translated by Hay Thar Oo, ,Tiff, Estel , Treasure Htet & Thinn Thinzar Encoded by Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။