
အားလုံးစောင့်နေတဲ့ စီးရီးအသစ်တစ်ခုလာပါပြီ။ မာဗယ်အဗန်ဂျာ ဟော့ခ်အိုင်းပါပဲ။ စုစုပေါင်း ၆ ပိုင်း ရှိပြီး အခုအပတ် ၂ ပိုင်း နောက်အပတ်စဉ် တစ်ပိုင်းဆီ တင်ဆက်သွားမှာပါ။ 720p ရော 1080p ရော ရပါမယ်။ လူဝင်အရမ်းများပြီး ဝဘ်ဆိုက်လေးနေလို့ error ပြရင် ခဏခဏ refresh လုပ်ပေးရင်ရပါတယ်။ ဒီဇာတ်လမ်းကတော့ Endgame အပြီးကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ဟော့ခ်အိုင်းတစ်ယောက် မိသားစုနဲ့ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်အနားယူနေချိန်၊ နယူးယောက်မြို့ရဲ့ လေလံပွဲကြီးတစ်ခုမှာ နှစ်ပေါင်းအတော်ကြာ ပျောက်ကွယ်နေတဲ့၊ ဒုစရိုက်ဂိုဏ်းတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ ရိုနင်ရဲ့ ဝတ်စုံနဲ့ ဓားကိုလေလံဆွဲနေချိန်မှ ာ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပြီး လူဆိုးဂိုဏ်းတွေနဲ့ အရှုပ်အထွေးတွေ ဖြစ်လာတဲ့အခါ ဟော့ခ်အိုင်းတစ်ယောက် မျိုးဆက်သစ် လေးသည်တော်လေးနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်။ Translated by Mr.Anderson, Thiha Yan Naing, Thaung Htike Zaw
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
November 24, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.0 / 10
Director