
ပရိသတ်အချစ်တော်မင်းသားကြီးအာနိုးရဲ့ အသစ်ထွက် Action/comedy စီးရီးလေးလာပါပြီ။ မင်းသားကြီးအာနိုးနဲ့အတူ မင်းသမီးချောလေး Monica Barbaro (Top Gun: Maverick ထဲက Phoenix)က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ စီအိုင်အေစုံထောက်တစ်ယောက်ဖြစ်တဲ့ လုခ်က မကြာခင် အငြိမ်းစားယူတော့မှာဖြစ်ပြီး မိသားစုနဲ့ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းတော့ဖို့ စိတ်ကူးထားသူပါ။ သူသိပ်ချစ်တဲ့သမီးဖြစ်သူ အမ်မာဟာဆိုရင်လည်း ဆေးလိပ်မသောက် အရက်မသောက် တယောတီးတဲ့နေရာမှာလည်းအလွန်တော်တဲ့ ဂုဏ်ယူရတဲ့ ဖေဖေ့သမီးလေးပေါ့။ ဒါပေမယ့် အငြိမ်းစားမယူခင်လေးမှာပဲ နောက်ဆုံးအနေနဲ့ ရန်သူ့နယ်မြေထဲ အသွင်ယူစုံစမ်းနေတဲ့အေးဂျင့်တစ်ယောက်ကို သွားကယ်ပေးရမှာဖြစ်ပြီး နောက်ဆုံးအနေနဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ပေးဖို့ အမိန့်ကျလာခဲ့ချိန်မှာတော့.. မလွှဲမရှောင်သာ စစ်ဆင်ရေးကို စတင်ခဲ့ရပြီး ရန်သူ့နယ်မြေထဲရောက်သွားခဲ့ချိန်မှာပဲ ရန်သူ့နယ်မြေထဲမှာ သူ လုံးဝမထင်မှတ်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ်.. အဲဒါကတော့ သူ့ရဲ့ အချစ်ရဆုံး အလိမ်မ္မာတုံး သမီးလေးပါပဲ.. အံ့ဩထိတ်လန့်ခြင်းများစွာနဲ့ လုခ်တစ်ယောက် စစ်ဆင်ရေးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါ့မလား.. သူ့သမီးအမ်မာကရော ဘာဖြစ်လို့ ရန်သူ့နယ်မြေထဲကို ရောက်နေခဲ့တာလဲ.. သူတို့နှစ်ဦးအချင်းချင်း လျှို့ဝှက်ထားတာက ဘာတွေဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။ File size…(800 Mb)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:55:00 Genre...Action Adventure Thriller Subtitle…. Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by CM Team
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
May 25, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.8 / 10
Director