
ဂိမ်းလောကထဲမှာ နာမည်အကြီးဆုံးတွေထဲက တစ်ခုဖြစ်ပြီး ဆုပေါင်းများစွာ ရရှိထားတဲ့ The Last of Us action ဂိမ်းကို စီးရီးအနေနဲ့ တင်ဆက်လာပါပြီ။ တစ်ပတ်တစ်ပိုင်းနဲ့ ၉ ပိုင်း အပတ်စဉ် ထွက်ပါလိမ့်မယ်။ ပထမဆုံး အပိုင်းကတော့ Imdb 9.8 နဲ့ တာထွက်ကောင်းနေပါပြီ။ မင်သားကလည်း Game of Thrones, Mandalorian, Kingsmen ကားတွေထဲက Pedro Pascal ပါပဲ။ မင်းသမီးကလည်း Game of Thrones ထဲမှာ အားလုံးချစ်ကြတဲ့ လေဒီ လာယာနာမော်မွန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Bella Ramsey ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မှိုပိုးတစ်မျိုးကြောင့် လူတွေ အသားစားတဲ့ ဇွန်ဘီးတွေလိုဖြစ်သွားပြီး ကမ္ဘာပျက်သွားပြီးနောက် နှစ် ၂၀ မှာ အခြေပြုထားပါတယ်။ နယ်မြေတိုင်းမှာ သီးသန့်ဇုံတွေနဲ့ FEDRA အဖွဲ့က စစ်အာဏာရှင်အဖြစ် တင်းတင်းကြပ်ကြပ်အုပ်ချုပ်နေပါပြီ။ ဇုံတွေထဲက ခိုးထွက်ရင် ခိုးဝင်ရင်ကို ကြိုးပေးသတ်ပါတယ်။ သူတို့တွေကို ပိုးစုန်းကြူးတွေဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေကလည်း တိုက်ခိုက်နေပါတယ်။ ဂျိုအယ်ကတော့ ဘော့စ်တွန် သီးသန့်နယ်မြေထဲက မှောင်ခိုသမားတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့ညီကိုရှာဖို့ ခိုးထွက်ဖို့ကြိုးစားချိန်မှာ ပိုးစုန်းကြူးတော်လှန်ရေးအဖွဲ့ကလည်း ဗရိုနီကာဆိုတဲ့ ကလေးမလေးကို အရမ်းအရေးကြီးတဲ့အကြောင်း တစ်ခုနဲ့ ကယ်ထုတ်ဖို့ ကြိုးစားနေပါပြီ။ ဂျိုအယ်နဲ့ ပိုးစုန်းကြူးအဖွဲ့ တွေ့ပြီး ဗရိုနီကာနဲ့ဘယ်လိုစွန့်စားခန်းတွေ ဖွင့်မလဲဆိုတာကို..... File Size – 631MB/1.43GB /4.78GB @Episode Quality – 720p / 1080p5.1CH / 4K Duration – 1h 21 minute (@Episode) Total Episodes: 9Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Action / Drama / Adventure Translator – Mr Anderson Encoder – Min Wai
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
January 15, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.7 / 10
Director