
Delhi crime Season 2 2022 IMDb 8.5/10 ရထားပြီး အပိုင်းတိုင်း အပိုင်းတိုင်း စိတ်လှုပ်ရှားဖွယ် ကြည့်ရှူခဲ့ရတဲ့ Delhi Crime ဖြစ်ရပ်မှန်မှုခင်းဇာတ်လမ်းတွဲ Season 2 ထွက်ရှိလာပါပြီ ဒီတစ်ခါမှာလည်း ပြင်ပလက်ရှိလောကမှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ ကတ်ချဘန်နီရန်ဆိုတဲ့ လူမျိုးစုဂိုဏ်းရဲ့ မွှေချက်ကြီးကို ကြည့်ရမှာပါ စွပ်ကျယ်နဲ့ လန်ကွတ်တီပဲ ဝတ်ထားတဲ့ ကတ်ချဘန်နီရန်ဂိုဏ်းရဲ့ ပြစ်မှုကျူးလွန်သူတွေဟာ တစ်ညမှာ အိမ်ကြီးထဲ ခိုးဝင်ပြီး သက်ကြီးအဖိုးအဖွား စုံတွဲနှစ်တွဲကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် သတ်လိုက်ကြတယ် အငြှိုးရှိဟန်လည်း မတူပေမယ့် တစ်အိမ်လုံးမှာ ပွစာကြဲအောင် မွှေနှောက် သောက်စား အညစ်အကြေးစွန့်ထားခဲ့ပြီး စီစီတီဗွီမှာပါ သက်သေအထောက်အထားချန်ထားခဲ့တဲ့ လူသတ်သမားတွေကို ရဲမှူးဗာတီကာနဲ့ အဖွဲ့က ရှာဖွေစုံစမ်းကြမှာဖြစ်ပါတယ် ၁၉၉၀ ပြည့်နှစ်တွေကတော့ ကတ်ချဘန်နီရန်ဂိုဏ်းသားတွေ အတော်ကိုထောင်လွှားခဲ့ပြီး ပြစ်မှုမျိုးစုံကျူးလွန်ခဲ့ကြတယ် အခုတစ်ခေါက် ပေါ်တော်မူလာတဲ့ တရားခံတွေကရော အတူတူပဲလား ဘယ်သူတွေလဲဆိုတာကို ကြည့်ရှူခံစားရမယ့် အပြင် ရဲမှူးကြီးရဲ့ တာဝန်ဝတ္တရားခွဲဝေကြီးကြပ်ပုံ တရားမျှတမှုအတွက် လွန်ဆွဲရတဲ့ ဇာတ်ကြောင်းတွေကိုပါ ခံပြင်းဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် Reviewed by Jerrica
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
August 26, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.7 / 10
Director