
ရုပ်ရှင်တစ်ခုဖန်တီးရာမှာ အတွင်းယုတ္တိ အပြင်ယုတ္တိဆိုပြီးရှိတယ်လို့ပြောတာကြားဖူးတယ်... အတွင်းယုတ္တိသည် ဇာတ်လမ်းဖန်တီးသူရဲ့ စိတ်ကြိုက်ဖန်တီးခွင့်ရှိပြီး အပြင်မှာ တကယ်ရှိစရာ၊ဖြစ်တည်နေစရာမလိုဘူး... ဥပမာပြောရရင် Marval ,DC ဘာညာ...ပြောရရင်ဒီလိုကားတွေက ဖျော်ဖြေမှုအပေး နိုင်ဆုံးလို့ပြောလို့ရသလို လူကြိုက်လည်းများကြပါတယ်... အပြင်ယုတ္တိကတော့ ကျွန်တော့်လက်ရှိနေထိုင်တဲ့လောကကြီးရဲ့ လူတွေပတ်ဝန်းကျင်တွေအကြောင်းပါပဲ... ဒါကတော့ ဖြစ်ရိုးဖြစ်စဉ်တွေတွေ လက်တွေ့ဘဝတွေထက် လွန်ဆန်လို့မရပါဘူး...အထူးသဖြင့် ဖြစ်ရပ်မှန်ဇာတ်ကားတွေပေါ့... ဒါတွေအားလုံးက ကျော်ထွက်မသွားအောင်ရိုက်ရတဲ့အပြင် မူလအဖြစ်တွေကလည်း သွေဖီမသွားအောင်ရိုက်ရလေတော့ ကြည့်ရတာအီသွားတတ်ပါတယ်... ဒါပေမယ့် Delhi Crime ဇာတ်လမ်းတွဲကတော့ ဖြစ်ရပ်မှန် မှုခင်း ဇာတ်လမ်းတွဲဖြစ်ပေမယ့် အပိုင်းတိုင်းကိုဆွဲဆောင်မှုရှိသလို ကြည့်ရတာ တကယ့်ကိုစိတ်လှုပ်ရှားဖွယ်ကောင်းပါတယ်.... ဒီဖြစ်ရပ်မှန်ဇာတ်လမ်းတွဲဟာ 2012 ရဲ့ ဒီဇင်ဘာလ အိန္ဒိယမှာ ဖြစ်ပျက်ခဲ့တဲ့ အဆိုးရွားဆုံးမှုခင်းဖြစ်ရပ်တစ်ခုအကြောင်းကိုရိုက်ကူး ထားတာပါ.. ..ဒီအမှုကတော့ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်တို့ရုပ်ရှင်ကြည့်ပြီး အပြန် Bus ကားနဲ့ပြန်ခဲ့တယ်... ဒီမှာ ကားပေါ်ပါလာတဲ့ လူ ၆ယောက်ရှိပြီး ဒီလူအကုန်လုံးက ယုတ်မာအပက်စက်ဆုံး ယောင်္ကျားလေးတွေဖြစ်နေတာတော့ ရုပ်ရှင်ကြည့်ပြန်လာတဲ့ ကောင်လေးနဲ့ကောင်မလေးတွေအတွက် တကယ့်ရင်နင့်ဖွယ်ရာပါပဲ.... မိန်းကလေးက မုဒိန်းကျင့်ခံခဲ့ရတဲ့အပြင် သူမတို့ ၂ယောက်လုံးဟာ သံချောင်းနဲ့ထိုး၊အတွင်းကလီစာတွေပါ ဆွဲထုတ်တဲ့အထိ လူမဆန်စွာ ပြုမူခြင်းခံခဲ့ရပါတယ်.... ဒီအကြောင်းကို ရဲတွေစုံစမ်းတဲ့အကြောင်းကိုရိုက်ပြထားတာပါ... အဲ့ဒီခေတ်က အကျင့်ပျက်နေတဲ့ရဲတွေ၊ ပြည်သူအကျိုးပြုတဲ့ ရဲတွေ၊ စရိုက်ခပ်ကျကျပတ်ဝန်းကျင်တွေ၊ ကူညီတတ်တဲ့လူသားတွေ ၊ စတဲ့ အကြောင်းတွေကို သဘာဝကျတဲ့ အပြောအဆိုအပြုအမူတွေနဲ့ ရိုက်ပြထားတာဖြစ်ပါတယ်... ကိုင်း...စုံထောက်မှုခင်းကားကြိုက်သူတို့အဖို့ တစ်ပိုင်းလောက်တော့မြည်းစမ်း စေချင်တယ်.... တကယ့်ကိုကောင်းတဲ့စီးရီးဖြစ်လို့ ကြည့်ရှုရင်း ကိုယ်တိုင် စုံစမ်းထောက်လှမ်းကြည့်ရအောင်.... SE 1 ထွက်လာပြီး အပိုင်း(၇) ပိုင်းလုံးတင်ဆက်ပေးထားပါတယ်... SE 2 ကို တော့ဆက်လက်ရိုက်ကူးနေပြီး မကြာမီ တင်ဆက်ပေးသွားမည်ဟုသိရပါသည်.... Quality – 1080p True WEBDL / 720p Duration – 60min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Crime, Drama Translator – d3mon & Jerrica & Thet Ko & Sora & Allena & Yunni Encoder – Phyo Pyae & YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
March 22, 2019
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.7 / 10
Director