
All That We Loved (2023) ========================== “Cellular Memory ဆိုတာကို သိလား .. မင်းနဲ့ငါ အကြိုက်ပုံစံချင်းတူတာမျိုးမရှိခဲ့ဖူးပေမယ့် ..” - Go Yoo “ကျောင်းဆေးခန်းမှာ ပထမဆုံးတွေ့တည်းကစခဲ့တာ မင်းနဲ့တစ်ထေရာတည်း အကြိုက်တူနေတာက ..” - Go Joon Hee “တကယ်မတူကြပေမယ့် သေချာကြည့်ရင် ဆင်ကြတယ်” - Han So Yeon High School Romance ဒရာမာတွေ ကြိုက်နှစ်သက်သူတို့အဖို့ EXO ရဲ့ maknae 🐥 လေး Oh Sehun, Jo Joon Young နဲ့ Jang Yeo Bin တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာချိုချိုချောချောလေးလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ၁၈ နှစ်အရွယ် အထက်တန်းကျောင်းသားလေး Go Yoo က ရုပ်ကလည်းချော ကောင်မလေးတွေကလည်း ဝိုင်းဝိုင်းလည် ဘက်စကက်ဘောကစားတာမှာလည်း ထူးချွန်ပြီး လောကမှာကြောက်ရတဲ့အရာရယ်လို့မရှိဘဲ သူချစ်မြတ်နိုးတဲ့အရာတွေကိုချည်းပိုင်ဆိုင်ထားတဲ့ အရာရာပြီးပြည့်စုံနေတဲ့ကောင်လေးပေါ့။ အဲဒါအပြင် သူနဲ့ မျိုးရိုးနာမည် နဲ့ ချောမောတာချင်းပဲတူပြီး ကျန်တဲ့အကြိုက်တွေ ဝါသနာတွေ ဘာဆိုဘာမှမတူတဲ့ Go Joon Hee ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ စာတော်ပြီး ကျောင်းရဲ့ထိပ်တန်းကျောင်းသားဖြစ်တဲ့ Go Joon Hee က ကျန်းမာရေးမကောင်းရှာတာမို့ သူငယ်ချင်းဖြစ်သူ Go Yoo ဆီက ကျောက်ကပ်ကိုအစားထိုးလက်ခံထားရတဲ့လူနာပေါ့။ ဒီလိုနဲ့ကျောက်ကပ်လှူဒါန်းပေးထားရလောက်တဲ့အထိ ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ကြားကို တစ်နေ့မှာ ကျောင်းပြောင်းကျောင်းသူ Han So Yeon ရောက်လာပြီး အရင်က ဘာဆိုဘာမှအကြိုက်မတူခဲ့တဲ့သူငယ်ချင်းနှစ်ယောက် ပထမဆုံးအကြိမ် နှလုံးသားချင်းထပ်တူကျပြီး ကောင်မလေးတစ်ယောက်တည်းကိုမှ အတူတူသဘောကျမိသွားတဲ့အခါ ..။ စုစုပေါင်း အပိုင်း ၈ ပိုင်းထုတ်လွှင့်သွားမှာဖြစ်ပြီး ကျောင်းသားဘဝရဲ့ လွတ်လပ်ပေါ့ပါးမှုတွေ, ရယ်မောစရာတွေ, တွယ်တာစရာ သူငယ်ချင်းသံယောဇဉ်တွေ, ဆယ်ကျော်သက်အရွယ် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေ, အဓိက highlight ဖြစ်တဲ့ bromance ချိုချိုလေးတွေကိုပါကြည့်ရှုခံစားရမှာမို့ လက်မလွှတ်သင့်ကြောင်းပါနော်။ အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီတော့ ဘာသာပြန်ထားတာကတော့ Joyz, Hmwe, ThantSin, Hsw Wai, Lai, Myo, Milkeux တို့ပဲ ဖြစ်ကြပါတယ်။ Genre..... Drama Quality…. 1080p | 720p File size… 500MB | 250MB Format… mp4 Duration…. 38min Episodes...8 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz, Hmwe, ThantSin, Hsw Wai, Lai, Myo, Milkeux Encoder ..... Aaron