
ဒီတစ်ခါမှာတော့ 2005ခုနှစ်က ထွက်ရှိခဲ့တဲ့ ကားလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီကားလေးကတော့ 1950ခုနှစ် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်ပွဲကာလကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်မှာ လက်ရှိခေတ်အခြေအနေနဲ့ ဝေးကွာနေတဲ့ ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးရှိပါတယ်။ လေယာဉ်ပျက်ကျပြီး ဘာသာစကားမတူညီ လူမျိုးမတူညီတဲ့ ရွာလေးကိုရောက်လာတဲ့ အမေရိကန်လေတပ်က ကပ္ပတိန်တစ်ဦးရယ်.... စစ်ပွဲကြောင့် တောထဲလမ်းပျောက်နေကြတဲ့ တောင်ပိုင်းက စစ်သား၂ယောက်နဲ့ မြောက်ပိုင်းက စစ်သား၃ယောက်ရယ်.... ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးမှာ ရေစက်လာစုံကြပါတော့တယ်။ တစ်ဖက်က လူမျိုးမတူတဲ့ လေတပ်ကကပ္ပတိန်.... နောက်တစ်ဖက်မှာက တကယ့်ရန်သူတော်ကြီးတွေ.... ကြားထဲမှာကတော့ ဘာဆိုဘာမှမသိတဲ့ ရိုးသားတဲ့ ရွာသူရွာသားတွေ သူတို့ကြားထဲက အလွဲလေးတွေကို ဟာသနှောရိုက်ကူးထားပေမယ့် ထည့်ထားတဲ့အနှစ်သာရတွေကတော့ အချစ်၊အမုန်း၊သံယောဇဉ် စသဖြင့် အစုံအလင်ပါပဲ။ ရယ်လည်းရယ်ချင်တယ် နွေးထွေးပြီး အရသာကောင်းတာလေးလည်း ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama, War Quality….WEB-DL 1080p and 720p and 360MB File size…2.1GB and 1.1GB and 350MB Format…mp4 Duration….2h 13min Subtitle….Myanmar Subtitle (Hardsub) Translator ..... Milkeux Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |