
ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကို စာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့ အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက် ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊ လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။ ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော် အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။ ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊ ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့ စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာက အမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ စိတ်အရမ်းရှုပ်တဲ့အခါ၊ အလွန်အမင်းအံအား သင့်တဲ့အခါမှာ ပြောလေ့ရှိတဲ့ (Wtf) What The Fuck ဆိုတာပါပဲ။ File Size : (2.1GB)(945 MB) and (543MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:52:00 Genre : Biography, Comedy, Drama , War Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo (kop) Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |