
ဒီကားကတော့ တွမ်ဟန့်နဲ့ စကားလက်ဂျိုဟန်ဆန်တို့ ပါဝင်ထားတဲ့ ရုပ်ရှင်ဆရာကြီး ဝက်စ်အန်ဒါဆန်ရဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Wes Anderson ဟာ ရုပ်ရှင်ငါးကားနဲ့တင် အော်စကာ ဆန်ကာတင် ၇ ခု ရခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ထူးခြားတဲ့ အရေးအသားနဲ့ ရိုက်ချက်အလှအပတွေကြောင့်ပါ။ Isle of Dogs, The Grand Budapest Hotel, Moonrise Kingdom တို့ကိုတော့ အတော်များများသိကြမှာပါ။ ဒီရုပ်ရှင်ကတော့ သူ့ရိုက်သမျှထဲမှာ နာမည်ကျော်သရုပ်ဆောင်အများဆုံးပါပဲ။ Jason Schwartzman, Scarlett Johansson, Tom Hanks, Jeffrey Wright, Tilda Swinton, Bryan Cranston, Edward Norton, Adrien Brody, Steve Carell, Hong Chau, Willem Dafoe စတဲ့ ဒိတ်ဒိတ်ကျဲတွေ စုပြီးပါဝင်ထားပါတယ်။ စကားလက်အနေနဲ့ အရှေ့ပိုင်းဗလာအခန်းကို ရိုက်ရတာ ပြဿနာမရှိပေမဲ့ ဒါရိုက်တာကြီးကတော့ အတော်ရှက်လို့ မျက်နှာပူစရာတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီရုပ်ရှင်မှာ အပိုင်း ၃ ပိုင်းပါဝင်တာကို သိထားရင်တော့ မျက်စိလည် သက်သာပါတယ်။ ပထမအပိုင်းက ပြဇာတ်ဖြစ်ပေါ်လာပုံကို မိတ်ဆက်ပေးနေတဲ့ တင်ဆက်သူအနေနဲ့ ဇာတ်လမ်း၊ ဒုတိယက ပြဇာတ်ရဲ့နောက်ကွယ်က သရုပ်ဆောင်တွေ ပုံရိပ်တွေနဲ့ဇာတ်လမ်း၊ တတိယကတော့ ရုပ်ရှင်ရဲ့အချိန်အများစုကိုနေရာယူထားတဲ့ ပြဇာတ်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေက လှပေမဲ့ အဓိပ္ပါယ်ကတော့တစ်ခုမက ထွက်တဲ့ဇာတ်ကားမျိုးမို့ ကိုယ့်အတွေးနဲ့ကိုယ် ကြည့်ရမဲ့ ဇာတ်ကားပါပဲ။ File Size : (1.9GB) and (536MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:45:00 Genre : Romance, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |