
Oki’s Movie (2010) ****************** Sleep ဇာတ်ကားထဲမှာ အတွဲညီညီနဲ့ အတူသရုပ်ဆောင်ခဲ့ကြတဲ့ မင်းသား Lee Sun Kyun နဲ့ Jung Yumi တိုရဲ့ IMDb 6.8 ရှိတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Lee Sun Kyun ကိုတော့ Parasite ကြည့်ဖူးသူတိုင်း သိကြမယ်ထင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ပုံမှန် တင်ဆက်နေကျပုံစံမျိုးမဟုတ်ဘဲ ပုံစံအသစ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အိုကီဆိုတဲ့ ရုပ်ရှင်ကျောင်းတက်နေတဲ့ ကောင်မလေး …။ နမ်ဂျင်ဂူဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာ ကောင်လေး…။ ပြီးတော့ ရုပ်ရှင်အတတ်ပညာကို သင်ကြားပေးတဲ့ အမျိုးသား ပါမောက္ခကြီး…။ သူတို သုံးယောက်ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာ ထူးဆန်းတာကတော့ Oki’s Movie ဆိုတဲ့ ရုပ်ရှင်ထဲမှာမှ ဇာတ်ကောင်တွေရဲ့ မတူညီတဲ့အချိန်တွေ၊ မတူညီတဲ့ ရှုထောင့်တွေနဲ့ ပြသတဲ့ ဇာတ်လမ်းတို ၄ခု ခွဲထားတာကို မြင်ရမှာပါ။ ဒီထဲမှာ ပါတဲ့ ဇာတ်လမ်းတို ၄ခုပြီးသွားတဲ့အခါမှာတော့ ဇာတ်ကားတစ်ခုလုံးရဲ့ ဇာတ်အိမ်နဲ့ ဇာတ်ကောင်တွေကို နားလည်ခံစားမိသွားမှာဖြစ်ပြီး ရင်ထဲမှာ တစ်ခုခုကျန်နေခဲ့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းက ဒါရိုက်တာကြီး Hong Sang Soo ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်ရိုက်ကူးထားပါတယ်။ Hong Sang Soo ရဲ့ ထုံးစံအတိုင်း ဇာတ်ကြောင်းကို ဖော်ပြတဲ့နေရာမှာ သူများနဲ့မတူဘဲ ပုံစံအသစ်နဲ့ ဖော်ပြထားတာဖြစ်လို အခုပဲ သူတိုရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကို ခဏလောက် ဝင်သွားကြည့်ရအောင်နော်…။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.19GB / 690MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 20 min. Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.19GB | Download | |
| 1080p | 1.19GB | Download | |
| 1080p | 1.19GB | Download | |
| 1080p | 1.19GB | Download | |
| 720p | 690MB | Download | |
| 720p | 690MB | Download | |
| 720p | 690MB | Download | |
| 720p | 690MB | Download | |
| 720p | 690MB | Download |