
ဒီနေ့မှာ Channel Myanmar ပရိတ်သတ်တွေအတွက် တင်ဆက်ပေးချင်တဲ့ တရုတ်ကားကောင်း တစ်ကားကတော့ Monster Hospital လို့ခေါ်တဲ့ ၂၀၂၁ ထွက် အသစ်စက်စက် ဇာတ်ကားတစ်ကားပါ။ ဇာတ်အိမ်လေးက သုံးလောကမှာ သွေးနှောကညာပျိုတစ်ယောက်ပိုင်တဲ့ ဆေးခန်းတစ်ခုရှိတယ်ပေါ့ဗျာ။ ဒီဆေးခန်းရဲ့ သမားတော် ကညာပျိုလေးက မိစ္ဆာတစ်ဝက် လူတစ်ဝက်ဗျ။ သူ့ဆေးခန်းကလည်း မကောင်းဆိုးဝါးနဲ့ မိစ္ဆာတွေကိုပဲ ကုပေးတာ။ ဒါပေမယ့် တစ်ရက်လည်းကျရော မော့ဝမ်လို့ခေါ်တဲ့ မိစ္ဆာဆေးလုံးကို ကိုယ်ဝန်လွယ်ထားတဲ့ လူယောက်ျားတစ်ယောက် ( ကျင်းကျွီကျွင်း) ဆေးခန်းကို ရောက်လာပါလေရော။ ကညာပျိုလေးက သွေးနှောဆိုတော့ ပုံမှန်မိစ္ဆာတွေလို အသက်ရှည်ရှည်မနေနိင်ဘူးတဲ့ဗျာ။ ဒါပေမယ့် မော့ဝမ်ကို စားရင်တော့ ရလာဒ်ကတစ်မျိုးပြောင်းသွားမှာပေါ့။ ဒီတော့ ရေကန်အသင့် ကြာအသင့်ဆိုသလိုပဲ ကျင်းကျွီကျွင်းကို ကူညီပြီး မော့ဝမ်ကိုမွေးပေးတော့တာပေါ့။ အဲဒီနောက်မှာရော သူ့ရဲ့ မူလအစီအစဥ်အတိုင်း မော့ဝမ်ကို စားပြီး အသက်ရှည်ရှည်နေသွားနိုင်မလား? နောက်ပိုင်းမှာ ဒါတွေအားလုံးက နောက်ကွယ်က ဂိုဏ်းချုပ်တစ်ယောက်ရဲ့ အစီအစဥ်ဖြစ်နေပြီးတော့ ကျင်းကျွီကျွင်းကလည်း နယ်ရုပ်တစ်ရုပ်ပဲဆိုတာ သိလိုက်ရတဲ့အခါ? ဘာတွေဆက်ဖြစ်ကြမလဲ? ဇာတ်အိမ်လေးက ခိုင်ခိုင်မာမာနဲ့ ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိတ်သတ်တို့အနေနဲ့ လက်မလွှတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ File size…1.2GB / 640MB Quality…1080p WEB DLx264 / 720p Format…mp4 Duration….1h 18 mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.2GB | Download | |
| 720p | 640MB | Download | |
| 1080p | 1.2GB | Download | |
| 720p | 640MB | Download |