
IMDb 7.0 အထိ ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါဒီကားလေးကတော့ ဟာသကားလေးပေါ့ ဒါပေမဲ့ ခံစားတတ်တဲ့နှလုံးသားရှိရင်မျက်ရည်တွေနဲ့ ရယ်ကြရမယ့်ကားလေးပါ ဒီကားလေးက ဖြစ်ရပ်မှန်ကိုအခြေခံတာထက်ပိုတယ်ဘာလို့လဲဆိုတော့ ဒီကားလေးကေဒါရိုက်တာရဲ့ မပြီးမြောက်ခဲ့တဲ့ ဆန္ဒကိုမှန်းဆပုံဖော်ရိုက်ကူးတဲ့ကားမလို့ပါ… ဒီကားလေးထဲ သေသွားခဲ့တဲ့ သူချစ်ရတဲ့ခွေးလေး…အမေ့ကိုပြောချင်ခဲ့တဲ့စကားတွေနဲ့ နောက်ဆုံး မပေးဖြစ်ခဲ့တဲ့ အနွေးထည်လေးကိုပါထည့်ပြီး ရိုက်ကူးခဲ့တာပါ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်…ငယ်ငယ်တုန်းက ကျောင်းမှာ ချီးပါချလို့ အမေ့မှာအရှက်ကွဲရစာမတော် အမှတ်မကောင်းလို့ ကိုယ်နဲ့အတူ ဆရာမဆူတာခံရတဲ့အမေသူ့မိတ်ဆွေ အသိုင်းအဝိုင်းတွေကြား သားသမီးချင်းဂုဏ်ပြိုင်ရင်မျက်နှာငယ်ရတဲ့အမေဒီလိုအမေနဲ့ အတူစက်ဘီးစီးရင်း မတော်တဆဖြစ်တာတောင်အမေကဆေးရုံပေါ်မှာနောက်ဆုံးအချိန်ကိုစောင့်နေရချိန် ကိုယ်ကဘာမှမလုပ်ပေးနိုင်ဘဲ သေမှာကိုထိုင်ကြည့်နေရတဲ့ ကောင်မလေးတစ်ယောက်… ဆေးရုံမှာလူနာစောင့်ရင်း တီဗီကကြေညာသံတွေနောက်လိုက်ရင်း ၁၉၈၁ ခုနှစ် အမေအပျိုအချိန်ကို ရောက်သွားခဲ့တယ်… အဖက်ဖက်က ကြိုးစားရင်း အမေ့ဘဝကိုပိုကောင်းအောင် ကြိုးစားပေး…. အမေ့ပျော်အောင် ကြိုးစားပေးရင်း…နောက်ဆုံး အမေမွေးတာ ငါမဟုတ်ရင် အမေ့ဘဝပိုသာယာမလားလို့ တွေးမိပြီးတခြားသူနဲ့အောင်သွယ်ပေးတဲ့အထိ ကြိုးစားနေတဲ့ ရှောင်လင်… အတိတ်ကိုပြင်ဖို့ကြိုးစားတာ အောင်မြင်မလားကြားထဲ ဘာတွေဖြစ်မလဲ နောက်ပြီး သူမသိတဲ့တခြားဘာကိစ္စတွေရှိဦးမှာလဲဆိုတာဇာတ်လမ်းလေးကိုကြည့်ရင်း ခံစားကြည့်လိုက်ပါ
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.03GB | Download | |
| 1080p | 2.03GB | Download | |
| 1080p | 2.03GB | Download | |
| 1080p | 2.03GB | Download | |
| 1080p | 2.03GB | Download | |
| 720p | 1.11GB | Download | |
| 720p | 1.11GB | Download | |
| 720p | 1.11GB | Download | |
| 720p | 1.11GB | Download |