
"အချစ်"ဆိုတာ ဘယ်လိုအရာမျိုးလဲ။ စွန့်လွှတ်အနစ်နာခံခြင်းလား၊ ရယူပိုင်ဆိုင်ခြင်းလား။ ယောကျာ်းလေး၊ မိန်းကလေး၊ အသက်ကြီးသူ၊ အသက်ငယ်သူ၊ လူဖြူ၊ လူမည်း မတူကွဲပြားတဲ့ပုံပန်း သဏ္ဌာန်တွေကြား "အချစ်"ကို အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းလည်း ကွဲပြားနိုင်ကြတယ်မဟုတ်လား။ မွေးထုတ်ပေးထားတဲ့ မိဘနဲ့တောင် စိတ်အခန့်မသင့်လို့ ရန်ဖြစ်စကားများတတ်ကြသေးတာ သွေးမတော်သားမစပ် သူစိမ်းတစ်ယောက်နဲ့ "အချစ်" တစ်ခုတည်းကြောင့် နှစ်ရှည်လများအတူရှိနေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ တကယ်ချစ်တဲ့သူက "ဘဝရဲ့အခက်ခဲဆုံးအချိန်မှာတောင် ကိုယ့်ကိုစွန့်ခွာမသွားတဲ့သူ"တဲ့။ ဘဝရဲ့တကယ့်အခက်ခဲ အပင်ပန်းဆုံးဆိုတဲ့ အချိန်ဆိုတာမျိုးရောက်လာခဲ့ရင်ရော ကြီးကျယ်မြင့်မြတ်လှပါတယ်ဆိုတဲ့ အချစ်က စွန့်ခွာမသွားဘူးဆိုတာ သေချာနိုင်ပါ့မလား။ မသေချာ မရေရာတာတွေများတဲ့လောကကြီးထဲ ကံကောင်းထောက်မစွာနဲ့ Right person ကို ရှာတွေ့နိုင်ခဲ့မယ်ဆိုရင်တောင် Right time ဖြစ်ဖို့ အခွင့်အရေးရှိပါ့မလား။ စတဲ့မေးခွန်းတွေရဲ့အဖြေကို The Big Bang Theory ထဲက မင်းသားကြီး Jim Parsonက မိုက်ကယ်ဆိုတဲ့ လိင်တူချစ်မိသူအမျိုးသားအဖြစ် ဒီကားလေးထဲမှာ ဆွတ်ပျံကြည်နူးစရာ လွမ်းမောတမ်းတဖွယ်ရာ ပုံဖော်ပြထားပါတယ်။ ဒီကားလေးက ပရိသတ်ကြီးတို့ရဲ့"အချစ်"အပေါ်ရှုမြင်ပုံကို တစ်မျိုးတစ်မည်ပြောင်းလဲသွားစေနိုင်မှာလား။ ပရိသတ်ကြီးတို့ရဲ့ "အချစ်"အပေါ်ရှုမြင်ပုံခြင်းနဲ့ရော ထပ်တူကျပါ့မလားဆိုတာကို အဖြေရှာဖို့ ခံစားသက်ဝင်ကြည့်လိုက်ကြပါဦးနော်။ ဪ တစ်ခုလောက်ကြိုတင်သတိပေးချင်တာက ဒီကားလေးက ဖြစ်ရပ်မှန်ကို အခြေခံတဲ့ဝတ္တုကို ရိုက်ကူးထားတာမို့ တချို့ဝမ်းနည်းစရာဇာတ်ဝင်ခန်းတွေကို မကြည့်ခင် တစ်ရှူးလေးတော့ဆောင်ထားကြပါလို့။ File size…(1.23GB) / (`981MB) / (479MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre... Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily Sue
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download |