
Silver Linings Playbook (2012) IMDb Rating (7.7) / Rotten Tomatoes (92%) Bradley Cooper နဲ့ Jennifer Lawrence တို့အပြင် Robert De Niro , Chris Tucker , Julia Stiles စတဲ့နာမည်ကြီးတွေလဲပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Matthew Quick ရဲ့ ၀တ္ထုဖြစ်တဲ့ The Silver Linings Playbook ကို အသက်သွင်းထားတာပါ။ ဂျနီဖာလောရန့်က ဒီဇာတ်ကားနဲ့ အော်စကာရခဲ့ပြီး တခြားသရုပ်ဆောင်တွေလဲ အော်စကာ Nominee ဝင်ခဲ့သလို ဘတ်ဂျက် $21 million ပဲရှိခဲ့ပေမယ့် ဝင်ငွေ $236.5 million ထိ ပြန်လည်ရရှိခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်မှုကြီးမားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အထက်တန်းကျောင်းအစမ်းခန့်ဆရာတစ်ယောက်ဖြစ်တဲ့ အဓိကဇာတ်ကောင်ပတ်ထ်ဟာ bipolar disorder ရောဂါခံစားနေရတဲ့ လူတစ်ယောက်ပါ။ မိန်းမဖောက်ပြန်နေတာကို ရေချိုးခန်းထဲမှာသွားတွေ့ပြီး အဲဒီလူကို သေလုနီးနီးထိ ရိုက်မိလို့ စိတ်ရောဂါကုဆေးရုံကို ရောက်သွားခဲ့ပါတယ်။ သူပြန်လွတ်လာတော့ သူ့မိန်းမဖြစ်သူနစ်ကီကို ပြန်ရဖို့ ကြိုးစားရင်း သူ့လိုလူမျိုးပဲဖြစ်တဲ့ တစ်ဖနီဆိုတဲ့ စိတ်ကျရောဂါရှင်မုဆိုးမလေးနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတယ်။ သူ့မိန်းမနစ်ကီက သူ့နားမကပ်နိုင်အောင် တွေ့ခွင့်ပိတ်တားမြစ်မိန့်ထုတ်ထားတော့ ကြံရာမရဖြစ်နေတဲ့ ပတ်ထ်က သူ့မိန်းမနဲ့ရင်းနှီးတဲ့ တစ်ဖနီကို စာလေးပေးပေးဖို့ အကူအညီတောင်းပါတော့တယ်။ တစ်ဖနီကကလည်း သူနဲ့အတူအကပြိုင်ပွဲတစ်ခုကို ပြိုင်ပေးမှ ကူညီမယ်ဆိုပြီး နှစ်ယောက်သား အပေးအယူလုပ်လိုက်ကြပါတော့တယ်။ အဲဒီလိုနဲ့ နှစ်ယောက်သားအတူအကလေ့ကျင့်ကြရင်း နီးစပ်လာကြတဲ့အခါမှာ ပတ်ထ်က သူ့မိန်းမနစ်ကီနဲ့ တစ်ဖနီ နှစ်ယောက်ထဲက ဘယ်တစ်ယောက်ကို သူ့ဘ၀ထဲ ထည့်ဖို့ ရွေးချယ်မလဲ ဆိုတာ……….။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Phu Thet Khin မှ တင်ဆက်ထားပါတယ်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | 5.1 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |