
Cu Li Never Cries aka Cu Li không bao gio khóc (2024) IMDb: 6.7/10 ဗီယက်နမ်ဒါရိုက်တာ အသစ်ဖြစ်တဲ့ Phạm Ngọc Lân ရိုက်ကူးထားပြီးတော့ ဇာတ်လမ်းလေးကို မင်းသမီးက ယောကျ်ားဖြစ်သူဆုံးပါးပြီးတဲ့ နောက်မှာ ဇာတိမြေကို ပြန်လာတဲ့ အချိန်နဲ့ အစပြုထားပါတယ်။ သူနဲ့အတူလည်း သူ့ယောကျ်ားရဲ့ နောက်ဆုံးလက်ဆောင်တွေဖြစ်တဲ့ ဖန်ခွက်အကွဲတစ်ခုရယ် ၊ မျောက်နဲ့ တူသလိုရှိပြီး ကူလီလို့ခေါ်တဲ့ အကောင်လေးတစ်ကောင်လည်းပါလာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ မင်းသမီးက ယောကျ်ားကွယ်လွန်ပြီးနောက် ဇာတိမြေဖြစ်တဲ့ ဟနွိုင်းမြို့ကို ပြန်လာရာကနေ အစပြု့ထားပါတယ်။ အရင်တချိန်ငယ်ရွယ်စဉ်အခါက အလွန်သာယာလှပခဲ့တဲ့ မြို့ကြီးဟာ အခုလက်ရှိမှာတော့ မျက်စီနှင့် မြင်နေတာကိုတောင် မယုံကြည်နိုင်ဖွယ်ရာ အလွန်ကိုမှ ပြောင်းလဲ သွားခဲ့ပြီဖြစ်ပါတယ်။ သူမလေးကလည်း နောက်ဆို လက်ထပ်တောမှာဖြစ်ပြီး အရာအားလုံးဟာ သူ့အတွက်တော့ အရင်လိုကိုမဟုတ်နေခဲ့တော့တာပဲဖြစ်ပါတယ်။ တူမလေးနဲ့ကလည်း အသက်ရွယ်ကွာခြားလွန်းတာကြောင့်လည်း နေရာအတော်များများမှာ ဘဝင်မကျရတာတွေလည်း ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အတိတ်ကအကြောင်းရာများကို လွမ်းဆွတ်မိပြီး အတိတ်ကနေ့ရက်တွေကို ပြန်လည်မြင်ယောင်နေရတာတွေကိုလည်း သေချာလေးရိုက်ပြထားပါတယ်။ ဒီဇာတ်လမ်းလေးကတော့ မိသားစုရဲ့ နက်နဲတဲ့ အချစ်တွေ ၊ မေတ္တာတွေ၊ သံယောဇဉ်တွေနဲ့ အတိတ်က လွမ်းဆွတ်ဖွယ်ရာ အမှတ်တရာတွေရှိနေရခြင်းကို သဘောပေါက်နားလည်စေပြီး မိသားစုဝင်အားလုံးကိုလည်း သက်ရှိထင်ရှားရှိစဉ်မှာ ချစ်ပေး၊ နွေးထွေးပေး ၊ကူညီဖေးမပေးပြီး အားလုံကို အတူတူရင်ဆိုင် သင့်ကြောင်းကို သေချာလေး အထူးတလည်လေး ရိုက်ပြထားသော ဗီယက်နမ်ဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျာ။ ဒီကားလေးက အပိုင်းတိုင်းလိုလိုဟာ တည်ငြိမ်အေးချမ်းပြီး ရိုးရှင်းစွာ ရိုက်ပြထားသောကြောင့် သဘာဝကျတဲ့ ဇာတ်ကားတွေကို နှစ်သက်တဲ့သူတွေ အတွက် လုံးဝအကြိုက်ဖြစ်စေမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ အညွှန်းနှင့် ဘာသာပြန်ကိုတော့ Brian မှတင်ဆက်ပေးထားပါတယ် ခင်ဗျာ။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 720p | 700 MB | Download | |
| 720p | 700 MB | Download | |
| 720p | 700 MB | Download | |
| 720p | 700 MB | Download | |
| 720p | 700 MB | Download | |
| 720p | 700 MB | Download |