
Quartet (2012) ****************** ဒီဇာတ်ကားလေးက IMDb Rating 7/10 နဲ့ Rotten Tomatoes မှာ 80% အထိ ရရှိထားတဲ့ musical ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း – ဝေ့ဖ်၊ ရက်ဂျီ၊ စစ်စီ နဲ့ ဂျင်ဟော်တန် တို့က Rigoletto အော်ပရာသီချင်းရဲ့ Quartet အပိုဒ် (လေးယောက်သံစုံတေး) အပိုဒ် နဲ့ တစ်ခေတ်တခါက နာမည်ကျော်ကြားခဲ့သူတွေဖြစ်ပါတယ်။ ဝေ့ဖ်၊ ရက်ဂျီ နဲ့ စစ်စီ တို့က အသက်အရွယ်ကြီးရင့်လာလို့ အနားယူပြီးနောက်ပိုင်းမှာ သားသမီး မြေးမြစ်တွေလည်း မရှိတော့တဲ့အတွက် အော်ပရာအနုပညာရှင်ဟောင်းတွေ နေထိုင်ရာ သက်ကြီးစောင့်ရှောက်မှုဂေဟာမှာ နေထိုင်လျက်ရှိပါတယ်။ ဒီလိုနဲ့ နှစ်စဉ်ကျင်းပနေကြ နှစ်ပတ်လည်အခမ်းအနားလည်း နီးကပ်လာပါပြီ။ အခမ်းအနားမှာ ဖျော်ဖြေဖို့ သက်ကြီးအနုပညာရှင်တွေကလည်း လေ့ကျင့်ပြင်ဆင်နေကြပါပြီ။ ဒီလိုနဲ့ ဂေဟာ ကို ဂျင်ဟော်တန် တစ်ယောက်လည်း ရောက်လာတဲ့အခါ လေးယောက်အဖွဲ့လည်းလူစုံသွားပါတော့တယ်။ ဒါပေမဲ့ အနုပညာကို ကျောခိုင်းထားတဲ့ ဂျင်ဟော်တန် က ဖျော်ဖြေပွဲမှာ ပါဝင်ပါ့မလား၊ လူကြီးတွေရဲ့ တခြား ဘယ်လိုရယ်စရာ အလွဲလေးတွေ တွေ့ရဦးမလဲ စသဖြင့် စိတ်ဝင်တစားနဲ့ အော်ပရာဂီတကို အပြည့်အဝခံစားရင်း ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File Size – 2.49 GB/ 938 MB Quality – BluRay 1080p/ 720p Duration – 1h 38m Format – mp4 Genre – Drama, Comedy, Romance Subtitle – Myanmar Subtitle (Hard Sub)