
အခုတစ်ခေါက်မှာတော့ ပြည်သူ့အချစ်တော်မင်းသားကြီး အမီတာဘဂျမ်းရဲ့ ရုံတင်၀င်ငွေခန့်မှန်းခြေ ၄၈ကုဋေကျော်ရရှိထားတဲ့ နောက်ဆုံးထွက်ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ကြတဲ့ Anupam Kherနဲ့ 3 idiotsရုပ်ရှင်ထဲက ဗိုင်းရပ်စ်ကြီး Boman Irani တို့အပြင် မင်းသမီးချောလေး Parineeti Chopraတို့ကပါ ပါ၀င်အားဖြည့်ထားပါသေးတယ်... ဇာတ်လမ်းအကျဉ်းကတော့ အွန် ၊ အာမစ် ၊ ဘူပန် နဲ့ ဂျာဗစ်လို့ခေါ်တဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းလေးယောက်ရှိပါတယ်။ အဘိုးအရွယ်ရောက်တဲ့အထိ မခွဲအတူရှိနေကြတဲ့သူငယ်ချင်းတွေပေါ့။ အဲ့ဒီထဲမှာမှ ဘူပန်လို့ခေါ်တဲ့သူငယ်ချင်းဟာ ဧ၀ရတ်တောင်ကိုစွဲလမ်းသူပါ။ ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုအမြဲတမ်းသွားတဲ့အပြင် သူငယ်ချင်းတွေကိုပါအတူတူလိုက်ဖို့ အကြိမ်ကြိမ်ခေါ်ပေမဲ့ ကျန်သုံးယောက်ကတော့ အကြောင်းအမျိုးမျိုးပြပြီးငြင်းလေ့ရှိပါတယ်။ တစ်ရက် ဘူပန်ရဲ့မွေးနေ့မှာ သူငယ်ချင်းလေးယောက် ဧ၀ရတ်တောင်တက်ခရီးကိုအတူတူသွားဖို့ အစီအစဉ်ဆွဲကြပါတယ်။ ဒါပေမဲ့ သူငယ်ချင်းဘူပန်ဟာ ကံအကြောင်းမလှပဲ ခရီးမထွက်ခင် ဆုံးပါးသွားပါတော့တယ်။ ဒီလိုနဲ့ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ ကျန်ရစ်တဲ့သူငယ်ချင်းသုံးယောက် ဧ၀ရတ်တောင်ထိပ်ကိုတက်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ ငယ်ရွယ်သူတွေအတွက်တောင်ခက်ခဲမယ့် ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုသွားဖို့ အသက်၇၀အရွယ်သူတို့ ဘယ်လိုပြင်ဆင်ကြမလဲ...။ တောင်တက်ခရီးတစ်လျှောက်မှာရော ဘာတွေကြုံတွေ့ရမှာလဲ...။ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုရော ဖြည့်ဆည်းပေးနိုင်မှာလားဆိုတာကိုတော့....ရင်ခုန်စွာနဲ့ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…2.6GB / 1.2GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 53m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by OeliuJ ~ Yunni ~ BpL ~ Cherry
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |