
An American Tail 1986 1986 မှာထွက်ရှိခဲ့ပြီး IMDB 6.9 ရထားတဲ့ Animation ကားကောင်းလေးတစ်ကောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါရိုက်တာကတော့ Don Bluthဖြစ်ပြီး CMကာတွန်းချစ်သူတွေကြား လူသိများတဲ့ Land before Time ရဲ့ဒါရိုက်တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Disney ရဲ့နာမည်ကျော် Animation ဖြစ်တဲ့ Winnie the Pooh,Robin Hood တို့လို့ကားတွေကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ် ၅၀ ၊၁၉၈၆ လောက်က ဒေါ်လာ ၅သန်းအကုန်ကျခံရိုက်ကူးခဲ့ကာ ဒေါ်လာ ၈၅ သန်းပြန်ရပြီး Box Office မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေရဲ့ One of the Best Animation of All Time လို့ ချီးကျူးမှုတွေပါရရှိထားတာဖြစ်ပါတယ်။ ဒါဆို ဒီကားဟာ ကလေးကြိုက်တင်မဟုတ်ပဲ လူကြီးတွေပါ ကြည့်ရှုသင့်တဲ့ Animation ကားကောင်းတစ်ကား ဆိုတာ သိသာနေပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ မောက်စကီဝဇ်ဆိုတဲ့ကြွက်မိသားစုဟာ ရုရှားမှာ ကော့ဆက်တွေရဲ့ တိုက်ခိုက်လုယက်မှုတွေကြောင့် အမေရိကကို ရွှေ့ပြောင်းအခြေချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းမှာ သားဖြစ်သူ ဖိုက်ဗယ်ဟာ ရေထဲမတော်တဆပြုတ်ကျသွားပြီး မိသားစုနဲ့ကွဲကွာသွားပါတယ်။ ဗိုက်ဗယ်ဟာ အမေရိကမှာ ပျောက်ဆုံးသွားတဲ့ သူ့မိသားစုကို ရှာပုံတော် ဖွင့်တာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ဘာလို့ဒီလောက်အောင်မြင်ခဲ့ရလဲဆိုရင် ဇာတ်လမ်းရဲ့ ညွှန်းဆိုချင်တဲ့ ပိုကြီးမားတဲ့ရည်ရွယ်ချက်ရှိနေလို့ပါပဲ။ ရုရှားက မောက်စကီဝဇ်မိသားစုဆိုတာ ဥရောပမှာ ခွဲခြားဆက်ဆံမှုတွေခံခဲ့ရတဲ့ ဂျူးလူမျိုးတွေကို ကိုယ်စားပြုပြီး ကြောင်တွေကတော့ ဂျူးမုန်းတီးရေးသမားတွေဖြစ်ပါတယ်။ ဂျူးတွေရဲ့ ခွဲခြားဆက်ဆံခံရမှု၊ခါးသီးဖွယ်ခံစားချက် နဲ့ ပိုကောင်းတဲ့ဘဝသစ်အတွက် စွန့်စားခဲ့ရပုံတွေအပြင် American Dream Consept ကို လည်းဒီကားမှာတစ်စွန်းတစ တွေ့မြင်ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Swan Yee Myo Thant ဖြစ်ပါတယ်။ File size… 1.38 GB / 725 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Family / Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Swan Yee Myo Thant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.38 GB | Download | |
| 1080p | 1.38 GB | Download | |
| 1080p | 1.38 GB | Download | |
| 720p | 725 MB | Download | |
| 720p | 725 MB | Download | |
| 720p | 725 MB | Download | |
| 720p | 725 MB | Download |