
Naale rajaa koli majaa (2024) ကြက်သားဟင်းဂယက် အိန္ဒိယမှာ မဟတ္တမဂန္ဒီရဲ့ သက်ရောက်မှုက ယနေ့အထိ ရှိနေတုန်းပါပဲ။ ဂန္ဒီကို ဂုဏ်ပြုတဲ့အနေနဲ့ ဂန္ဒီဂျယန်တီနေ့သတ်မှတ်ပြီး အဲဒီနေ့မှာ အကြမ်းဖက်မှုကို တားဆီးတဲ့အနေနဲ့ အသားဆိုင်တွေအကုန်ပိတ်ပြီး အရက်ဘီယာဆိုင်တွေဖွင့်တာ အရက်သေစာရောင်းတာကို ပိတ်ပင်ထားပါတယ်။ ဆနေဟာကတော့ ကြက်သားကြိုက်တဲ့ကောင်မလေးဖြစ်ပြီး သူတို့အိမ်မှာ တနင်္ဂနွေနေ့တိုင်းမှာ အမေက ဆနေဟာအကြိုက် ကြက်သားဟင်းအမြဲချက်ပေးနေကြပါ။ ဒါပေမဲ့ တစ်ရက်မှာတော့ တနင်္ဂနွေနေ့နဲ့ ဂန္ဒီဂျယန်တီနေ့က တိုက်ဆိုင်ပြီး ကြက်သားဝယ်မရတော့ပါဘူး။ အဲဒါနဲ့ တစ်အိမ်လုံးကို ပတ်ပြီးပူဆာတာကလည်း အကြောင်းမထူးတော့ ယမကာလုလင်အဖေရဲ့ ပုလင်းကို ဖျောင်လိုက်ပါတော့တယ်။ ဒီလိုနဲ့ အရက်ရှာပုံတော်ဖွင့်မယ့်အဖေနဲ့ ကြက်သားရှာပုံတော်ဖွင့်မယ့် သမီးတို့ရဲ့ဂယက်ကိုရှုစားရင်း ရယ်မောခြင်းနဲ့ ဘဝအမောတွေ ဖြေလိုက်ကြပါဦးစို့ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Team မှဖြစ်ပါတယ်)