
CM Fan တွေ အခုတလော အက်ရှင်ကား ကောင်းကောင်းလေး ကြည့်ချင်နေတဲ့ ဆုတောင်းလေး ပြည့်ပါပြီနော်... IMDb 7.5 ရရှိထားတဲ့ သိပ္ပံအက်ရှင် အမျိုးအစား ဖြစ်တဲ့ Upgrade ဆိုတဲ့ ရုပ်ရှင်ကားလေးပါ ဇတ်လမ်းလေးက စိတ်ဝင်စားဖို့ အတော်လေးကောင်းတယ်ဗျ... ဇတ်လမ်းပုံစံက ခေတ်မှီနေတဲ့ အလယ်အလတ် သိပ္ပံခေတ်ပုံစံ နဲ့ စ ပြထားပါတယ်... ဂရေး ဟာ သူဝါသနာပါတဲ့ စက်ပြင်တဲ့ အလုပ်နဲ့ တစ်နေကုန် ကိုယ်ပိုင်ဝပ်ရှော့လေးထဲမှာ ကားတွေကို ထိုင်ပြင်နေတက်သူဖြစ်ပြီး သူ့မိန်းမ ဖြစ်သူ အက်ရှာ ကတော့ မြို့ရဲ့ အကြီးဆုံး ကိုယ်လက် အင်္ဂါဖြည့်ဆည်းပေးတဲ့ ရိုဘော့ စက်ရုံက ဝန်ထမ်းတစ်ဦးဖြစ်ပါတယ် တစ်ရက်မှာတော့ ဂရေး ဟာ အက်ရှာ ကိုခေါ်ပြီး သူ့ဆီ အလုပ်အပ်သူထံ သွားခဲ့ပါတယ်... အက်ရှာ မသိခဲ့တာကတော့ ဂရေး ကို ကားပြင်ဖို့ အလုပ်အပ်သူဟာ သူမ လေးစားနေခဲ့တဲ့ ပြိုင်ဘက် လုပ်ငန်းက ပိုင်ရှင်ဖြစ်သူ အဲရွန်ကင်း ဖြစ်နေတာပါပဲ ဂရေး နဲ့ အက်ရှာ ကို အဲရွန်ကင်းက သူတီထွင်ထားတဲ့ ရှေ့ပြေး ချပ်စ်ပြား တစ်ခုကို ပြသခဲ့ပါတယ် အဲ့ဒီအရာက လူတစ်ယောက်ရဲ့ ဦးနောက်ထက် ပိုမိုကောင်းမွန်တဲ့ အရာလို့ ထုတ်ဖော်ပြောခဲ့ပေမယ့် ဂရေးကတော့ စိတ်မဝင်စားဟန်ဖြင့် အက်ရှာကို ခေါ်ပြီး ပြန်လာတဲ့လမ်းမှာ လူတစ်စု ရဲ့ နှောက်ယှက်မှုကို ခံရပြီး အက်ရှာ သေဆုံးခဲ့သလို ဂရေး လဲ စကားပြောရုံသာ တက်နိုင်ခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး အကြောသေသွားခဲ့ပါတယ်... သူဆေးရုံတက်နေရတုန်းမှာ အဲရွန်ကင်း ရောက်လာပြီး ကမ္ဘာပေါ်မှာ ပထမဆုံး ခွဲစိတ်မှု အဖြစ် သူတီထွင်ထားတဲ့ ပြိုင်ဘက်ကင်း ချပ်စ်ပြား ကို တပ်ဆင်ပေးဖို့ အခွင့်အရေးပေးလာခဲ့ပါတယ်... ဒီနောက်မှာတော့ အကြမ်းစား အလန်းစား ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေကို ထပ်မံကြည့်ရှုရအုံးမှာပါ... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Shain Htet Naing ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |
ထုတ်လွှင့်သည့်နေ့
May 31, 2018
ကြာချိန်
1h 40m
အဆင့်သတ်မှတ်ချက်
7.5 / 10
Director
Leigh Whannell