
Drive Back (2024) အိုလီဗီယာနဲ့ရိဒ်တို့ဟာ တက္ကသိုလ်ကျောင်းက ငယ်ချစ်ဦးတွေဖြစ်ခဲ့ကြပြီး အခုချိန်မှာတော့ ရိဒ်ရဲ့မိဘနှစ်ပါးပိုင်ဆိုင်တဲ့ ကျေးလက်အိမ်လေးမှာ စေ့စပ်ပွဲကိုကျင်းပပြီး တောအုပ်ကြီးတစ်ခုကိုဖြတ် မြို့ကိုပြန်ခဲ့ကြပါတယ်။ အလာတုန်းက အထစ်အငေါ့မရှိခဲ့တဲ့ သူတို့ခရီးဟာ အိုလီဗီယာ့အလိုကျ ပိုမြန်မယ်လို့ထင်ရတဲ့ ဖြတ်လမ်းကနေဖြတ်သွားမိတဲ့အချိန်မှာ မကြာသင့်ပဲအချိန်တွေကြာ၊ လမ်းတွေပျောက်၊ လမ်းမှာအကူအညီတောင်းပေမယ့်လည်းအခက်အခဲတွေ တစ်ခုပြီးတစ်ခုနဲ့ထိတ်လန့်စရာအဖြစ်အပျက်တွေ၊ အမြင်အာရုံတွေကိုပါ နှစ်ဦးလုံး တစ်ယောက်တစ်မျိုးဆီ ဆက်တိုက်ကြုံလာရချိန်မှာတော့ သူတို့တစ်စုံတစ်ခုကို ရိပ်စားသဘောပေါက်မိလာပါတော့တယ်။ အဲ့ဒါကတော့ သူတို့လမ်းမှာတွေ့ခဲ့တဲ့ အခက်အခဲတွေဟာ အကြိမ်ကြိမ်ကြုံဖူးခဲ့ပြီးသားဖြစ်ပြီး၊ သူတို့လမ်းမှာတွေ့ခဲ့ဆုံခဲ့တဲ့သူတွေဟာ သူတို့ကိုယ်တိုင်ရဲ့ မူကွဲအမျိုးမျိုးဖြစ်နေတယ်ဆိုတာပါပဲ။ အဲ့ဒီ၀င်္ကပါဟာ သူတို့စိတ်ရဲ့လှည့်စားမှုပဲလား၊ ဒါမှမဟုတ် သူတို့ရဲ့အမှားတစ်စုံတစ်ရာကြောင့် ပြစ်ဒဏ်ခတ်ခံရခြင်းလား? ဒီနေရာကနေလွတ်မြောက်ဖို့လမ်းစကိုဘယ်လိုရှာကြမလဲ? Triangle 2009 ကိုနှစ်သက်ခဲ့သူတွေအတွက် မြည်းစမ်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.4 GB) / (830 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Horror, Mystery, Sci-Fi, Thriller Duration…. 01:34:15 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Alias