
ဒီဇာတ်လမ်းလေးရဲ့အစမှာတော့ ဘဏ်ဓားပြတစ်ယောက်ကိုလိုက်ဖမ်းတဲ့နေရာကနေစထားပါတယ် အဲဒီမြို့နယ်ရဲစခန်းရဲ့အကျော်အမော်ဖြစ်တဲ့ ဘက်လို့ခေါ်တဲ့ စုံထောက်ကိုယ်တိုင် ဦးဆောင်ပြီးဖမ်းနေကြတာပါ အဲဒီလိုနဲ့ဓားပြကိုအသေရရအရှင်ရရဖမ်းရင်းနဲ့ ဓားပြဖြစ်တဲ့ကောင်က accidentဖြစ်ပြီး မီးလောင်သွားခဲ့ပါတယ် အဲဒီလိုနဲ့ ဆေးရုံတင်ထားတုန်းမှာ FBIကအ့ဂျင့်ဖြစ်သူ လွိုက်တစ်ယောက်ဟာ ဘက်ဆီကိုရောက်လာပါတော့တယ် လွိုက်ကအဲဒီဓားပြဟာသူရှာနေတဲ့သူဖြစ်တာကြောင့်အမှုကိုတူတူကိုင်ချင်တယ်လို့ပြောပြီး ဆေးရုံကိုသွားကြည့်ချိန်မှာပဲ ဓားပြဖြစ်တဲ့ကောင်ကသေသွားပြီး သူ့ဘေးကလူမမာက ပျောက်ခြင်းမလှပျောက်သွားပါတော့တယ် အဲဒါကိုလွိုက်က အဲဒီပျောက်သွားတဲ့လူနာကဘဏ်ဓားပြပဲဆိုပြီးပြောတော့ ဘက်တစ်ယောက်ဘယ်လိုမှနားမလည်နိုင်တွေဖြစ်ရပါတော့တယ် အဲဒီပျောက်သွားတဲ့သူဟာလည်းအရင်ဘဏ်ဓားပြလိုပဲ ကားတွေခိုးလူတွေသတ်နဲ့ လုပ်နေခဲ့တာပါ အဲဒီလိုနဲ့စုံထောက်ဘက်က အရင်ဓားပြနဲ့အခုဆေးရုံကပျောက်သွားတဲ့လူနာတို့ရဲ့နောက်ကြောင်းကိုစုံစမ်းကြည့်တော့ သူတို့နှစ်ယောက်လုံးဟာ ပြစ်မှုဘာဆိုဘာမှအရင်ကလုပ်ထားတာမရှိတာကိုသွားတွေ့ရပါတယ် အဲဒီတော့ ဒီလူနှစ်ယောက်ဘယ်ကနဘယ်လိုစိတ်ရိုင်းတွေဝင်ပြီးအခုလိုတွေဖြစ်သွားတာလဲ အေးဂျင့်လွိုက်ရော ဘာတွေလျှို့ဝှက်ထားလည်းဆိုတာကိုတော့ ဒီကားလေးကိုကြည့်ပြီးအရင်ခေတ် စိတ်ကူးယဉ်ဆန်ဆန်စုံထောက်ဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ကြပါဦးဗျာ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Crime, Horro, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Chan Myae Min Htike